အက်သလက်တီကိုမက်ဒရစ်အသင်းတိုက်စစ်မှူး အယ်လ်ဗာရက်ဇ် အား ခေါ်ယူရန်ချဉ်းကပ်မှု ကြောင့် ဘာစီလိုနာအသင်းကို ပေါင် ၅၀၃ (ယူရို ၆၀၂) ဒဏ်ရိုက်လိုက်ပြီ ဖြစ်ပါတယ်။
လာလီဂါပြိုင်ဘက် ဘာစီလိုနာအသင်းဟာ ပထမဆုံးအကြိမ် အကြောင်းကြားခြင်းမရှိဘဲ အာဂျင်တီးနားအသင်းတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း အက်သလက်တီကိုမက်ဒရစ်အသင်းက စွပ်စွဲထားတာလည်း ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိ တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ဟာ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့အတူ ၂၀၃၀ ပြည့်နှစ် ဇွန်လအထိ စာချုပ်ချုပ်ထားတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအား ယခုကဲ့သို့ ဒဏ်ရိုက်ခဲ့မှုနှင့်စပ်လျဉ်း၍ စပိန်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အယ်လ်ဗာရက်ဇ် ဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းက ပြောင်းရွှေ့ကြေးပေါင် ၈၁ ဒသမ ၅ သန်းဖြင့် ပရီမီယာလိဂ်ကလပ် မန်စီးတီးအသင်းကနေ အက်သလက်တီကို မက်ဒရစ်အသင်းဆီ ခြောက်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ဖြင့် ပြောင်းရွှေခဲ့သူဖြစ်ပါတယ်။ အယ်လ်ဗာရက်ဇ်ဟာ မန်စီးတီးအသင်းနဲ့အတူ ၁၀၃ ပွဲမှာ ၃၆ ဂိုးသွင်းယူပေးခဲ့ပြီး အက်သလက်တီကိုမက်ဒရစ်အသင်း အတွက်တော့ ၁၁၅ ပွဲမှာ ၅၁ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ငွေကြယ်