မက်ဒရစ် အောက်တိုဘာ ၂၈
စပိန်နိုင်ငံအလယ်ပိုင်း တိုလီဒိုပြည်နယ် အူရ်ဒါမြို့အနီးတွင် ယနေ့နံနက်ပိုင်းက အရှိန်ပြင်း မောင်းနှင်လာသော ကျည်ဆန်ရထားနှစ်စင်း တိုက်မိမှုကြောင့် ၄၆ ဦး သေဆုံးပြီး ၁၇၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။
မက်ဒရစ်မြို့မှ ထွက်ခွာလာသော Renfe AVE အမြန်ရထားတစ်စင်းက ရထားလမ်းကြောင်းပေါ်တွင် စက်ချို့ယွင်းမှုကြောင့် ရပ်တန့်နေသည့် Iryo ကုမ္ပဏီပိုင် အမြန်ရထားတစ်စင်းကို အနောက်ဘက်မှ အရှိန်ပြင်းစွာ ဝင်တိုက် မိခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်မိမှုကြောင့် Iryo ရထား၏ နောက်ဆုံးတွဲနှစ်တွဲမှာ လမ်းချော်တိမ်းမှောက်သွားခဲ့သည်။ ရထားနှစ်စင်းလုံးပေါ်တွင် လိုက်ပါခဲ့သည့် ခရီးသည်ပေါင်း ၅၀၀ ကျော်ရှိကြောင်း သိရသည်။
လက်ရှိတွင် စပိန်တပ်မတော်၊ မီးသတ်တပ်ဖွဲ့ဝင်များက အရေးပေါ်ကယ်ဆယ်ရေး ရဟတ်ယာဉ်များဖြင့် ပိတ်မိနေသူများကို ကယ်ထုတ်လျက်ရှိပြီး ဒဏ်ရာရရှိသူ ၁၇၉ ဦးအနက် အများအပြားမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသဖြင့် သေဆုံးသူအရေအတွက် ယခုထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း အရပ်ဘက်ကာကွယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။
ယခုမတော်တဆမှုကြောင့် မက်ဒရစ်-အန်ဒါလူစီယာ အမြန်ရထားလမ်းပိုင်းတစ်ခုလုံး ပြေးဆွဲမှုကို ယာယီပိတ်သိမ်းထားသည်။
စပိန်ဝန်ကြီးချုပ် ပီဒရို ဆန်းချက်ဇ်က ၎င်း၏ နိုင်ငံရေးလုပ်ငန်းစဉ်များကို ဖျက်သိမ်းကာ ကယ်ဆယ်ရေးလုပ်ငန်းများကို အနီးကပ်ကြီးကြပ်စောင့်ကြည့်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဆင်ဟွာ