တိုကျို အောက်တိုဘာ ၂၈
ဂျပန်နိုင်ငံရှိ စက်မှုစက်ရုပ်ထုတ်လုပ်ရေးကုမ္ပဏီ Yaskawa Electric နှင့် အမျိုးသားစိုက်ပျိုးရေး သမဝါယမအသင်းချုပ်တို့ ပူးပေါင်းကာ သီးနှံများကို အလိုအလျောက်ခူးဆွတ်နိုင်သည့် ဉာဏ်ရည်တု နည်းပညာသုံး စက်ရုပ်များကို တီထွင်လျက်ရှိကြောင်း သိရသည်။
အဆိုပါစီမံကိန်းသည် စိုက်ပျိုးရေးကဏ္ဍတွင် ကြုံတွေ့နေရသည့် လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ကုမ္ပဏီနှင့် အသင်းချုပ်တို့ ပူးပေါင်းတီထွင်ထားသည့် အဆိုပါ ဉာဏ်ရည်တုစက်ရုပ်သည် ယခုနှစ်အတွင်း ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဆာဂါစီရင်စုမှ စိုက်ခင်းတစ်ခုတွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့သည်။ သင့်လျော်သည့် အရွယ်အစားရှိသော သီးနှံများကို ခွဲခြားသိရှိနိုင်ရန် လေ့ကျင့်ပေးထားပြီး သီးနှံများ၏ ကြီးထွားမှုအခြေအနေကို အလိုအလျောက်အကဲဖြတ်ကာ ခူးဆွတ်နိုင်ကြောင်း သိရသည်။
Yaskawa Electric ကုမ္ပဏီမှ မတ်ဆူ အူရာ ဟီဒဲနိုရီက စက်ရုပ်များသည် ညအချိန်တွင်လည်း လုပ်ကိုင်နိုင်သဖြင့် လူသားလုပ်သားများ မရရှိနိုင်သည့်အချိန်တွင် အသုံးပြုခြင်းက အကျိုးကျေးဇူးများစွာရှိကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် အဆိုပါစက်ရုပ်သည် မိနစ် ၄၀ အတွင်း သခွားသီး ၁၂၀ ခန့် ခူးဆွတ်နိုင်သော်လည်း လုပ်ငန်းဆောင်ရွက်မှုအမြန်နှုန်းကို ထပ်မံမြှင့်တင်ရန် လိုအပ်နေသေးကြောင်း ကုမ္ပဏီက ပြောကြားသည်။
အင်န်အိတ်ချ်ကေ