ပဲခူး အောက်တိုဘာ ၃၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် အသား၊ ငါး၊ ဆန်၊ စားသုံးဆီ၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို အပတ်စဉ်သောကြာနေ့တိုင်း ဥဿာဝန်ထမ်းအိမ်ယာတွင် ဈေးနှုန်းသက်သာစွာဖြင့် ပုံမှန်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အလားတူ ပဲခူးတက္ကသိုလ် ဝန်ထမ်းအိမ်ရာရှေ့နှင့် သူနာပြုသင်တန်းကျောင်းတို့တွင် အပတ်စဉ် အင်္ဂါနေ့တိုင်း၊ ရှင်စောပုဝန်ထမ်းအိမ်ရာနှင့် ဘုရင့်နောင်ဝန်ထမ်းအိမ်ရာတို့တွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းသည် ပြည်သူများ၏ နေ့စဉ်လူနေမှုစရိတ် သက်သာစေရေး၊ အခြေခံစားသောက်ကုန်များကို လွယ်ကူအဆင်ပြေစွာ ဝယ်ယူရရှိနိုင်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့စေရေးတို့ကို ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)