Myanmar Digital News

မအူပင်မြို့၌ ဆီထွက်သီးနှံနေကြာမျိုးနှင့် ပဲပုတ်မျိုး၊ မတ်ပဲမျိုးများအား တောင်သူဦးကြီးများထံ ပေးအပ်

မအူပင် အောက်တိုဘာ ၃၀

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့၌ ဆီထွက်သီးနှံနေကြာ မျိုးနှင့် ပဲပုတ်မျိုး၊ မတ်ပဲမျိုးများအား တောင်သူဦးကြီးများထံ ပေးအပ်ပွဲအခမ်းအနားအား ယ‌မန်နေ့နံနက်ပိုင်းက ရေလဲကလေးကျေးရွာရှိ ရွှေကုလားကျွန်း ပွဲရုံ၊ ဆီစက်၊ စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းစင်တာ ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။

 

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးကျော်မျိုးတင်၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်တို့မှ အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မင်းထွန်းမှ ဆီထွက်သီးနှံနေကြာမျိုးနှင့် ပဲပုတ်မျိုး၊ မတ်ပဲမျိုးများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ရွှေကုလားကျွန်းပွဲရုံပိုင်ရှင် ဦးကြည်ဝင်းမှ ဆီထွက်သီးနှံနှင့် မျိုးစေ့၊ ဆီစက်လုပ်ငန်းများအား ဆွေးနွေးတင်ပြပြီး မြန်မာ့ဩဘာကုမ္ပဏီလုပ်ငန်းစု (ဧရာဝတီ) မျိုးစေ့တာဝန်ခံ ဒေါ်ခင်နွယ်မှ မျိုးစေံများနှင့်ပတ်သက်၍ စိုက်ပျိုးရေးနည်းပညာများ ဆွေးနွေးတင်ပြသည်။ ယင်းနောက် တာဝန်ရှိသူများမှ တက်ရောက်လာသည့် တောင်သူဦးကြီးများထံ ဆီထွက်သီးနှံနေကြာမျိုးနှင့် ပဲပုတ်မျိုး၊ မတ်ပဲမျိုးများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အောင်မြင့်မြတ်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News