ဝိုင်းမော် အောက်တိုဘာ ၃၀
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ပြည်သူများ ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက ရွှေကျင်ကျေးရွာ၊ မခေါ်ရမ်ကျေးရွာနှင့် နောင်တာလောကျေးရွာများသို့ အယ်လ်နိညိုအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဝိုင်းမော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျေးရွာ ရပ်မိရပ်ဖများ ပူးပေါင်းအဖွဲ့များက အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်ပြီး အပူလွန်ကဲခြင်းများ၊ ရေရှားပါးခြင်းများ၊ ကျန်းမာရေးပြဿာနာများ ဖြစ်ပွားလာနိုင်သည့်အတွက် ကြိုတင်ကာကွယ်ရေးနှင့် ဆောင်ရန်ရှောင်ရန်များ၊ သောက်သုံးရေကို ကြိုတင်စုဆောင်းထားရှိခြင်း၊ ရေသိုလှောင်ကန်များကို သန့်ရှင်းစွာ ထိန်းသိမ်းခြင်းနှင့် ရေကို လိုအပ်သလောက်သာ သုံးစွဲကျရန် လိုက်နာရမည့် အချက်များအား အသိညာပေးပြောကြားပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ရဲကျော်(ကျေးလက်)