လေရှီး အောက်တိုဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီမှ ဦးစီးပြုလုပ်သည့် ဒေသထွက်ဝါးမှမျှစ်စို၊ မျှစ်ခြောက်ထုတ်လုပ်ခြင်းနှင့် အသုံးဆောင်များပြုလုပ်နည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက လေရှီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရိပ်သာ (၂) ခန်းမဆောင်၌ ကျင်းပသည်။
ဦးစွာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို အောက်တိုဘာ ၂၉ ရက်မှ ၃၀ ရက်အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး နည်းပြဆရာဆရာမများက စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကာ လေရှီးမြို့နယ်အတွင်းမှ သင်တန်းသား သင်တန်းသူ ၃၀ တက်ရောက်သင်ကြားကြမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)