ကျွန်းလှ အောက်တိုဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်း အဓိကစိုက်ပျိုးသော ဒေသတစ်ခုရှိပြီး ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ဧက ၁၃၀၀ ကျော်စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ဖူးစားပြောင်းစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်နည်းစနစ်မှန်ကန်ရေး၊ ဖောငမြောင်တောင်ပိုးကြိုတင်ကာကွယ်ရေး၊ သီးထပ်စိုက်ပျိုးရေးတို့ကို ကွင်းဆင်းအသိပညာပေးလျက်ရှိသည်။
စိုက်ပျိုး
ကျွန်းလှမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံမျိုးစုံ စိုက်ပျိုးကြပြီး တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိရေးအတွက် ဖူးစားပြောင်း စိုက်ပျိုးထုတ်လုပ်ကြကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)