မန္တလေး အောက်တိုဘာ ၃၀
မန္တလေးတိုင်းဒေသကြီးအတွင်း စံနမူနာပြအထူးဖွံ့ဖြိုးရေးဒေသများအဖြစ် ရွေးချယ်ထားသည့် ရမည်းသင်းခရိုင်နှင့် မိတ္ထီလာခရိုင်တို့တွင် ဘက်စုံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဇုန် စီမံကိန်းဖြစ်နိုင်ခြေ လေ့လာမှု တွေ့ရှိသုံးသပ်ချက်များနှင့်စပ်လျဉ်း၍ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ဆွေးနွေးကြသည်။
စီမံဆောင်ရွက်
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးများ၊ သက်ဆိုင်ရာဌာနများမှ တိုင်းဒေသကြီးဦးစီးမှူးများ နှင့် မင်းမဟာကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးမှုများအပေါ် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်တို့အား အထူးဖွံ့ဖြိုးရေးဒေသများအဖြစ် ရည်မှန်းထားသည့်အတိုင်း ရေခံမြေခံနှင့်အခြေခံကောင်းများကို ကောင်းမွန်စွာအသုံးချ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စိုက်ပျိုးမွေးမြူရေးအခြေခံသည့် ကုန်ထုတ်လုပ်ငန်း MSME လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး၊ ဒေသများအလိုက် ဖွံ့ဖြိုးတိုးတက်မှု စဉ်ဆက်မပြတ်ပိုမို အားကောင်းလာစေရေးတို့ကို စနစ်တကျ စီမံဆောင်ရွက်သွားရန် မှာကြားသည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ (၂/၂၀၂၆) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်အမှာစကားပြောကြားသည်။
ညှိနှိုင်းအစည်းအဝေးတွင် တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများအပေါ် တင်ပြလာသည့်အမှုတွဲများ၏ အခြေအနေ၊ ဆက်လက်ဆောင် ရွက်သွားမည့်အခြေအနေ၊ ယခင်အစည်းအဝေး ဆွေးနွေးချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်