တိုကျို နိုဝင်ဘာ ၁
ဂျပန်နိုင်ငံသည် နိုင်ငံခြားခရီးသွားများအတွက် ယခင်အခွန်ကင်းလွတ်ဈေးဝယ်စနစ်ကို အစားထိုးသည့် အခွန်ပြန်အမ်း စနစ်သစ်တစ်ရပ်ကို နိုဝင်ဘာ ၁ ရက်မှစပြီး ကျင့်သုံးခဲ့ကြောင်း သိရသည်။ ယင်းပြောင်းလဲမှုသည် ယခင်စနစ်ကို ဆက်လက် အလွဲသုံးစားပြုမှုများရှိနေခြင်းကြောင့် ဆောင်ရွက်ခြင်းဖြစ်သည်။
စနစ်သစ်အရ နိုင်ငံခြားခရီးသွားများသည် အခွန်ကင်းလွတ်ခွင့်ရရှိနိုင်သည့် ကုန်ပစ္စည်းများကို ဝယ်ယူရာတွင်ပင် စားသုံးခွန်အပါအဝင် သတ်မှတ်ဈေးနှုန်းအတိုင်း ဦးစွာပေးချေရမည်ဖြစ်သည်။ ထို့နောက် ခရီးသွားများ နိုင်ငံမှထွက်ခွာချိန်တွင် ဝယ်ယူထားသည့်ပစ္စည်းများကို နိုင်ငံပြင်ပသို့ ယူဆောင်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဌာနက အတည်ပြုပြီးနောက် လက်လီရောင်းချသူများထံမှ စားသုံးခွန်နှင့်ညီမျှသည့် ငွေပမာဏကို အကြွေးဝယ်ကတ်များနှင့် ငွေပေးချေမှု အက်ပ်များမှတစ်ဆင့် ပြန်လည်ရရှိမည်ဖြစ်သည်။
အခွန်ပြန်အမ်းခြင်းလုပ်ငန်းစဉ်ကို ကုန်ပစ္စည်း ဝယ်ယူသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း အပြီးဆောင်ရွက်ရမည်ဖြစ်သည်။
ယခင်စနစ်အရ နိုင်ငံခြားသားခရီးသွားများသည် အခွန်ကင်းလွတ်ခွင့်ရရှိသည့် ကုန်ပစ္စည်းများကို စားသုံးခွန်ပေးဆောင်ခြင်းမရှိဘဲ ဝယ်ယူနိုင်ခဲ့ကြသည်။ လက်လီရောင်းချသူများသည် ဝယ်ယူသူ၏ နိုင်ငံကူးလက်မှတ်ကို စစ်ဆေးရပြီး ဝယ်ယူထား သည့်ပစ္စည်းများကို နိုင်ငံပြင်ပသို့ ယူဆောင်သွားရမည်ဖြစ်ကြောင်း အသိပေးရသည်။ ထို့ပြင် ရောင်းချသူများသည် ကြိုတင်ပေးဆောင်ထားသည့် စားသုံးခွန်များကို အစိုးရထံမှ ပြန်လည်တောင်းခံခွင့်ရှိခဲ့သည်။
သို့သော် အဆိုပါအခွန်ကင်းလွတ်ခွင့်စနစ်ကို အလွဲသုံးစားပြုမှုများ အကြိမ်ကြိမ်ပေါ်ပေါက်ခဲ့သည်။ အချို့ဖြစ်စဉ်များတွင် အခွန်ကင်းလွတ်ခွင့်ဖြင့် ဝယ်ယူထားသည့် ကုန်ပစ္စည်းများကို အမြတ်ရရှိရန် ရည်ရွယ်၍ ဂျပန်နိုင်ငံအတွင်း ပြန်လည်ရောင်းချခဲ့ကြသည်။ အခြားဖြစ်စဉ်များတွင်လည်း လက်လီရောင်းချသူများက စားသုံးခွန်ပြန်အမ်းငွေကို မသမာသောနည်းလမ်းဖြင့် တောင်းခံခဲ့ကြသည်။
စနစ်သစ်တွင် နိုင်ငံခြားခရီးသွားများကိုယ်တိုင် အခွန်ပြန်အမ်းခြင်းလုပ်ငန်းစဉ်ကို အပြီးဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ယခင်စနစ်ကဲ့သို့ အလွဲသုံးစားပြုမှုများကို ပိုမိုထိရောက်စွာ တားဆီးနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ