အက်ကရာ နိုဝင်ဘာ ၁
အမေရိကန်နိုင်ငံတွင် အမည်မသိသေနတ်သမားများက အသက် ၁၅ နှစ်အရွယ် ဂါနာနိုင်ငံသားအား ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းအပေါ် ရှုတ်ချကြောင်း ဂါနာအစိုးရက ပြောကြားသည်။
အဆိုပါဖြစ်ရပ်အတွက် အမေရိကန်ဘက်မှ တိကျသည့်စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ပေးရန်နှင့် ပြစ်မှုကျူးလွန်သူများအား ဥပဒေအရ အရေးယူအပြစ်ပေးနိုင်ရေး ဆောင်ရွက်ပေးရန် ဂါနာအစိုးရက အမေရိကန်တာဝန်ရှိသူများအား ပန်ကြားကြောင်း ဂါနာနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
နယူးယောက်မြို့ ဘရွန်စ်ဒေသတွင် ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သည့် ဂါနာနိုင်ငံသား လူငယ် ဂျာဗီဖရွန်ပွန်၏ ဖခင်ဖြစ်သူ သောမတ်ဖရွန်ပွန်ထံသို့ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ ဂါနာအမြဲတမ်းမစ်ရှင်မှ တာဝန်ရှိသူများ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဂါနာနိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့လာခဲ့သည့် ၎င်းသည် ဝမ်းဗိုက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး နောက်ပိုင်းတွင် ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဆင်ဟွာ