
ဂါဇာ၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသတွင် နိုဝင်ဘာ ၁ ရက်က ပြုလုပ်ခဲ့သည့် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှု နှစ်ခုကြောင့် ရဲအရာရှိ ၅ ဦး အပါအဝင် ပါလက်စတိုင်းပြည်သူ အနည်းဆုံး ၈ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းနှင့် ပါလက်စတိုင်း ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ပြောကြားသည်။
ဂါဇာတောင်ပိုင်း၊ ခန်ယူးနစ်မြို့၏ အနောက်ဘက်ရှိ al-Mawasi ဒေသတွင် ပါလက်စတိုင်းများနှင့် ရဲတပ်ဖွဲ့ဝင်များ အုပ်စုလိုက်ရှိနေစဉ် အစ္စရေး၏ ဒရုန်းယာဉ်တစ်စီးက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။
ဤတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး အခြားသူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူအချို့မှာ ပြင်းထန်ကြောင်း နာဆာဆေးဘက်ဆိုင်ရာဌာနက ပြောကြားသည်။
al-Mawasi ဒေသတွင် "ပုံမှန်တာဝန်များ ထမ်းဆောင်နေစဉ်" ရဲတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကြောင်း ဂါဇာရှိ ဟားမတ်စ် (Hamas) အုပ်ချုပ်ရေးအဖွဲ့၏ ပြည်ထဲရေးဌာနက အတည်ပြုပြောကြားသည်။
အဆိုပါ အာဏာပိုင်များ၏ အဆိုအရ ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ဟားမတ်စ်နှင့် အစ္စရေးတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်သက်ဝင်လာချိန်မှစ၍ အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ရဲအရာရှိ ၇၅ ဦး သေဆုံးခဲ့ရသည်။
နောက်ထပ် ဖြစ်ရပ်တစ်ခုတွင် ဂါဇာမြို့၏ အနောက်ဘက်ရှိ al-Rimal ရပ်ကွက်၌ လူအုပ်စုတစ်စုကို ပစ်မှတ်ထား၍ အစ္စရေးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးငယ်တစ်ဦး အပါအဝင် ပါလက်စတိုင်း ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူအချို့မှာ အခြေအနေ စိုးရိမ်ရကြောင်း ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ပြောကြားသည်။
အစ္စရေး စစ်တပ်အနေဖြင့် ဤတိုက်ခိုက်မှုများနှင့် ပတ်သက်၍ ချက်ချင်း တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။
အပစ်အခတ်ရပ်စဲရေး စတင်သက်ဝင်လာချိန်မှစ၍ ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်း ၁,၅၈၀ ဦး သေဆုံးပြီး ၅,၇၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာကျန်းမာရေး အာဏာပိုင်များက ထုတ်ပြန်ထားပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်မှစ၍ လက်ရှိအချိန်အထိ စုစုပေါင်း သေဆုံးသူဦးရေမှာ ၇၄,၅၉၄ ဦးနှင့် ဒဏ်ရာရရှိသူဦးရေမှာ ၁၇၅,၈၃၄ ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………
(English version)
8 Palestinians, including police officers, killed in Israeli airstrikes in Gaza: sources
GAZA, Nov. 1 (Xinhua) -- At least eight Palestinians, including five police officers, were killed Sunday in two Israeli airstrikes in the Gaza Strip, according to local and Palestinian medical sources.
Local sources said an Israeli drone fired a missile at a group of Palestinians and police personnel in the al-Mawasi area, west of Khan Younis in southern Gaza.
Nasser Medical Complex said at least five people were killed and several others wounded, some seriously, in the strike.
The Hamas-run interior authorities in Gaza confirmed that five members of the General Directorate of Police were killed while "performing routine duties" in al-Mawasi.
According to the authorities, Israeli attacks have killed 75 police officers since a ceasefire between Hamas and Israel took effect in October 2025.
In a separate incident, three Palestinians, including a child, were killed and six others wounded, some critically, in an Israeli airstrike targeting a gathering in the al-Rimal neighborhood, west of Gaza City, medical sources said.
The Israeli military had no immediate comment on either strike.
Gaza's health authorities reported 1,580 Palestinians killed and 5,711 wounded in the enclave since the ceasefire took effect, bringing the cumulative toll since Oct. 7, 2023 to 74,594 dead and 175,834 wounded.
Photo caption: Palestinians are seen among the rubble of destroyed buildings after an Israeli airstrike in the Al-Rimal area, west of Gaza City, on Aug. 30, 2025. (Photo by Rizek Abdeljawad/Xinhua)