
BYD သည် ၎င်း၏ ဒုတိယမျိုးဆက် BYD Seal 07 ကို blind order စတင်ရောင်းချပြီဖြစ်ကြောင်း အောက်တိုဘာ ၂၆ ရက်တွင် ကြေညာသည်။
(မှတ်ချက်။ blind order ဆိုသည်မှာ ကားမော်ဒယ်သစ်တစ်ခုကို ဈေးနှုန်းမသတ်မှတ်ရသေးမီတွင် ကြိုတင်ပေးသွင်းငွေ ရယူကာ ကြိုတင်အမှာစာ လက်ခံခြင်းဖြစ်သည်။)
((ဒီဇိုင်းပိုင်း))
ယခုမော်ဒယ်သစ်တွင် “Ocean Aesthetics” 2.0 design language ကို အသုံးပြုထားပြီး ယေဘုယျဒီဇိုင်းမှာ Seal 08 အတိုင်းဖြစ်သည်။
ရှေ့ဘက်တွင် လှိုင်းသဏ္ဍာန် split ရှေ့မီးကြီးများနှင့် အပိတ် grille တို့ရှိသည်။
အမိုးပေါ် LiDAR ပါဝင်ရာ BYD ၏ God’s Eye B ADAD စနစ်လည်း ပါဝင်လာဖွယ် ရှိသည်။
ရွေးချယ်စရာ အရောင် ၆ မျိုးလာရာ Pala Green, Aurora Pink, Sea Mist Purple, Liuguang Silver, Snow White နှင့် Obsidian Black တို့ ဖြစ်သည်။
အရွယ်အစားမှာ 5,080/1,960/1,495 mm ရှိပြီး wheelbase မှာ 2,960 mm ဖြစ်သည်။
နောက်ဘက်တွင် Seal 08 ၏ full-width taillight ဒီဇိုင်းကို သုံးထားသည်။
((ဈေးကွက်ထဲရှိ Seal 07 နှင့် အသစ်ထွက်လာသော Second-gen Seal 07 တို့ကြား အရွယ်အစား နှိုင်းယှဉ်ချက်))
Dimension/Current Seal 07/Second-gen Seal 07
အလျား= လက်ရှိ 4,995 mm/ မော်ဒယ်သစ် 5,080 mm
ဗျက်=လက်ရှိ 1,910 mm/ မော်ဒယ်သစ် 1,960 mm
အမြင့်= လက်ရှိ 1,495 mm/ မော်ဒယ်သစ် 1,495 mm
Wheelbase= လက်ရှိ 2,900 mm/ မော်ဒယ်သစ် 2,960 mm



(ဒုတိယမျိုးဆက် Seal 07 ၏ ရှေ့ဘက်၊ ဘေးဖက်နှင့် နောက်ဖက်မြင်ကွင်းများ။ ဓာတ်ပုံ Credit- CNC)
((အတွင်းပိုင်း))
• အကြီးစား floating central display နှင့် digital instrument cluster
• three-spoke စတီယာရင်
• ကြိုးမဲ့ ဖုန်းအားသွင်းစနစ်နှင့် cup holder နေရာ ၂ ခု
• စပီကာ အလုံး ၂၀ ပါ အသံစနစ်
• အရောင်ရွေးစရာ= Yunxi White, Phantom Grey, Ningye Purple
((ထိုင်ခုံ))
• အနှိပ်၊ လေဝင်လေထွက်နှင့် အပူပေးစနစ်ပါ Zero-gravity ရှေ့ခုံများ
• ဆိုဖာခုံကြီးအသွင် နောက်ခုံတန်း
((Powertrain ပိုင်း))
Plug-in hybrid (PHEV)=
• 1.5T turbo အင်ဂျင်= အထွက်အား 115 kW
• မော်တာ= 160 kW (215 hp)
• 38 kWh ဘက်ထရီ
• မောင်းနိုင်မည့် range = ၂၄၅ ကီလို
လျှပ်စစ်ကားစစ်စစ် (BEV)=
• မော်တာ= 300 kW (402 hp)
• မောင်းနိုင်မည့် range= ၇၁၈ ကီလို
► BEV နှင့် PHEV ဗားရှင်း ၂ မျိုးလုံးတွင် -
• ဒုတိယမျိုးဆက် Blade ဘက်ထရီ
• Flash charging စနစ်
• DiSus-M suspension တို့ သုံးထားသည်။




(BYD Seal 07 ၏ အတွင်းပိုင်း။ ဓာတ်ပုံ Credit- CNC)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: BYD opens blind orders for second-generation Seal 07, with LiDAR and 2,960 mm wheelbase (carnewschina)