နယူးဒေလီ နိုဝင်ဘာ ၂
အိန္ဒိယနိုင်ငံတောင်ပိုင်း ပြည်နယ်များဖြစ်သည့် တမီလ်နာဒူးနှင့် အင်ဒရာပရာဒေ့ရှ်ပြည်နယ်တို့၌ နိုဝင်ဘာ ၂ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်း မူရားစုတိုက်ခတ်မှုကြောင့် လေကြောင်းခရီးစဉ် ၂၀ကျော်ကို ဖျက်သိမ်းခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တမီလ်နာဒူးပြည်နယ် ချင်းနိုင်လေဆိပ်တွင် လေယာဉ်ခရီးစဉ် အနည်းဆုံး ၁၁ ခုကို ဖျက်သိမ်းခဲ့ရပြီး အင်ဒရာပရာဒေ့ရှ်ပြည်နယ် ဗီဂျာယာဝါဒါ နိုင်ငံတကာလေဆိပ်တွင် လေယာဉ်ခရီးစဉ် ၁၀ ခုကို ဖျက်သိမ်းခဲ့ရသည်။
ယခုကဲ့သို့ လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခံရမှုကြောင့် ချင်းနိုင်နှင့် ဗီဂျာယာဝါဒါမြို့တို့သို့ သွားရောက်မည့်သူများနှင့် အဆိုပါမြို့များမှ ပြန်လာမည့်ခရီးသည်များ ထိခိုက်မှုရှိကြောင်း သိရသည်။
ခရီးသည်များအနေဖြင့် လေဆိပ်သို့ မသွားရောက်မီ မိမိတို့၏ လေယာဉ်ခရီးစဉ်အခြေအနေကို လေကြောင်းလိုင်းများနှင့် ဆက်သွယ်စစ်ဆေးကြရန် တာဝန်ရှိသူများက အကြံပြုထားသည်။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အားကောင်းလာပြီး မူရားစုအမည်ရှိ အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်နေသော အနောက်တောင်ပိုင်းတွင် ရှိနေသည့် မူရားစု မုန်တိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားလာခဲ့ပြီး လက်ရှိတွင် အင်ဒရာပရာဒေ့ရှ်ပြည်နယ် နယ်လိုရီမြို့၏ အရှေ့-အရှေ့တောင်ဘက် ၁၂၀ ကီလိုမီတာခန့် အကွာနှင့် ချင်းနိုင်မြို့၏ အရှေ့မြောက်ဘက် ၁၆၀ ကီလိုမီတာခန့်အကွာတွင် ဗဟိုပြုလျက်ရှိကြောင်း သိရသည်။
အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်မှ လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားသည်။ လူဦးရေ ၂၀၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးပြီးဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း အင်ဒရာပရာဒေ့ရှ်ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ ပရာခါဂျိန်းက ပြောကြားသည်။
ဆင်ဟွာ