ကွမ်ကျိုး နိုဝင်ဘာ ၂
တရုတ်နှင့် အင်ဒိုနီးရှား ကြည်းတပ် တပ်ဖွဲ့ဝင်များပူးတွဲ လေ့ကျင့်ဆောင်ရွက်သည့် “Sharp Knife 2026” အမည်ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေး ကြည်းတပ်ပူးတွဲလေ့ကျင့်ခန်း ပြီးစီးသည့်အခမ်းအနားကို နိုဝင်ဘာ ၂ရက်က တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံပြည်နယ် ကွမ်ကျိုးမြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၇ ရက်တွင် စတင်ဆောင်ရွက်ခဲ့သည့် အဆိုပါလေ့ကျင့်ခန်းသည် နှစ်နိုင်ငံတပ်မတော်များအကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး နှစ်နိုင်ငံတပ်ဖွဲ့ဝင်များ၏ တိုက်ပွဲဝင်စွမ်းရည်ကို မြှင့်တင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်သည်။
လေ့ကျင့်ရေးကာလအတွင်း နှစ်နိုင်ငံတပ်ဖွဲ့ဝင်များအား ပေါင်းစပ်ဖွဲ့စည်းထားသည့် အဖွဲ့များအဖြစ် ဖွဲ့စည်းခဲ့ပြီး အထူးပြုလေ့ကျင့်ခန်းများ၊ နည်းဗျူဟာပိုင်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများနှင့် ဘက်စုံလေ့ကျင့်ခန်းများကို ပူးတွဲဆောင်ရွက်ခဲ့သည်။
ဘက်စုံလေ့ကျင့်ခန်းများ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် တပ်ဖွဲ့ဝင်များသည် မြေပြင်နှင့်ရေပြင် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ရှင်းလင်းရေးလုပ်ငန်းများအပါအဝင် အဓိကကျသော လေ့ကျင့်ခန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ အဆိုပါလေ့ကျင့်ခန်းတွင် သီးသန့်ခေါင်းစဉ်အလိုက် ဆွေးနွေးပွဲ များ၊ လက်နက်နှင့် စက်ကိရိယာပြသမှုများ၊ အားကစားပြိုင်ပွဲများနှင့် ယဉ်ကျေးမှုဖလှယ်ခြင်း အစီအစဉ်များ ပါဝင်ခဲ့သည်။
ဆင်ဟွာ