ကိုလံဘို နိုဝင်ဘာ ၂
သီရိလင်္ကာနိုင်ငံတွင် ဆင်များကို ကာကွယ်စောင့်ရှောက်ရန်နှင့် လူနှင့်ဆင်တို့အကြား ပဋိပက္ခများကို လျှော့ချရန် ရည်ရွယ်သည့် စစ်ဆင်ရေးတစ်ရပ်ကို နိုဝင်ဘာ ၂ ရက်တွင် စတင်လိုက်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ကြေညာသည်။
ဟတ်သီ ဆေနာဟု အမည်ပေးထားသော အဆိုပါစစ်ဆင်ရေးကို နိုင်ငံအနောက်မြောက်ပိုင်း တောရိုင်းတိရစ္ဆာန်ဒေသတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လက်နက်ကိုင်တပ်ဖွဲ့များနှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးဌာနတို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။
အဆိုပါစီမံကိန်း၏ ပထမအဆင့်တွင် အန္တရာယ်ရှိနိုင်သည်ဟု သတ်မှတ်ထားသော ဆင် ၁၇ ကောင်ကို အဓိကထား ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒမ်မီကာ ပါတဗန်ဒီ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါအစီအစဉ်သည် ဆင်များနေထိုင်ရာ ဒေသများ၏ ၈၀ ရာခိုင်နှုန်းခန့်ကို လွှမ်းခြုံနိုင်မည်ဟု မျှော်လင့်ရပြီး ကျန်ရှိနေသော ၂၀ ရာခိုင်နှုန်းအတွက်မူ သီးခြားအစီအစဉ်တစ်ခုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ထို့အပြင် ဆင်များကို အန္တရာယ်ဖြစ်စေသည့် တရားမဝင်လက်နက်များ၊ “ပေါက်ကွဲစေတတ်သည့် အစာမျှားများ၊ ခွင့်ပြုချက်မရှိဘဲ တပ်ဆင်ထားသော လျှပ်စစ်စည်းရိုးများနှင့် ထောင်ချောက်များကို အသုံးပြုသူများ အား တာဝန်ရှိသူများက ရှာဖွေဖော်ထုတ်အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
ဆင်ဟွာ