Xinhua Myanmar

အီရန်အပေါ် စစ်ပွဲ ပြန်လည်စတင်မည်လောဟူသော ဆုံးဖြတ်ချက်ချရန် “အလျင်မလိုကြောင်း” ထရမ့် ဆို

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်တွင် မီဒီယာ တွေ့ဆုံမေးမြန်းမှုအား ဖြေကြားနေသည့် အမေရိကန် သမ္မတ ထရမ့်ကို ၂၀၂၆ ခုနှစ် မေ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က အီရန်အပေါ် စစ်ပွဲ ပြန်လည်စတင်မည်လောအတွက် ၎င်းအနေဖြင့် ဆုံးဖြတ်ချက်ချရန် “အလျင်မလိုကြောင်း” နိုဝင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။

ထရမ့်က ထိုနေ့တွင် အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်၏ ဖုန်းဖြင့် မေးမြန်းမှုကို ဖြေကြားရာ၌ “ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က လှုပ်ရှားမှု လုပ်ဆောင်မှာပါ။ ဒါပေမဲ့ အလျင်မလိုပါဘူး။ ကျွန်တော်တို့က စီးပွားရေးမှာ သူတို့ကိုပြင်းပြင်းထန်ထန် အထိနာအောင် လုပ်လိုက်ပါတယ်” ဟု ဆိုခဲ့သည်။ အမေရိကန်နှင့် အီရန်သည် လက်ရှိတွင် တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း၊ “တိုးတက်မှုက အဆင်ပြေတယ်လို့တော့ ဆိုနိုင်ပါတယ် … (အီရန်ဘက်က) အားလုံးထင်ထားသလိုမျိုး အရေးတကြီးရှိမနေပါဘူး။ သို့သော်လည်း သူတို့က အရင်ဘယ်တုန်းကထက်မဆို သဘောတူညီချက်ကို ရရှိချင်နေပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ထရမ့်က အီရန်အနေဖြင့် သဘောတူညီချက် ရရှိပြီး စစ်ပွဲကို အဆုံးသတ်ချင်နေပါတယ်၊ သဘောတူညီချက်က “ရရှိနိုင်ခြေရှိပါတယ်” ဟု ထိုနေ့တွင် ဝါရှင်တန်မြို့၌ ကျင်းပသော အခမ်းအနားတစ်ခု၌ ပြောကြားခဲ့သည်။

ထရမ့်သည် လတ်တလောရက်ပိုင်းတွင် အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှု ပြန်လည်လုပ်ဆောင်မည်ဟု အကြိမ်များစွာ ခြိမ်းခြောက်ခဲ့သည်။ အမေရိကန်စစ်တပ်သည် အီရန်အပေါ် အသစ်တစ်ကြိမ် အကြီးအကျယ် တိုက်ခိုက်မှု လုပ်ဆောင်ရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ ထရမ့်အနေဖြင့် နိုဝင်ဘာလ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲပြီးနောက် လှုပ်ရှားမှုအမိန့်ချမှတ်နိုင်ခြေရှိကြောင်း အမေရိကန်မီဒီယာများကလည်း သတင်းဖော်ပြခဲ့သည်။

Axios သတင်းဝက်ဘ်ဆိုက်၏ သတင်းအရ ထရမ့်သည် လက်ရှိတွင် “လမ်းကြောင်းနှစ်ခု ဒွန်တွဲဖော်ဆောင်သည့်” ဗျူဟာကို ယာယီလုပ်ဆောင်နိုင်ကြောင်း၊ ယင်းမှာ ဆွေးနွေးညှိနှိုင်းမှု ဆက်လက်လုပ်ဆောင်ပြီး တစ်ချိန်တည်းတွင် ပြင်ဆင်မှုများ လုပ်ဆောင်ထားရန်ဖြစ်ကြောင်း၊ သဘောတူညီချက် မရရှိနိုင်ဟု အတည်ပြုနိုင်ပါက စစ်ပွဲကို တစ်ဖန်ပြန်လည်စတင်မည်ဖြစ်ကြောင်း သိရသည်။

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသတင်းအေဂျင်စီ (IRNA) ၏ နိုဝင်ဘာ ၂ ရက် သတင်းဖော်ပြချက်အရ အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီက တွေ့ဆုံမေးမြန်းမှု ဖြေကြားရာ၌ စေ့စပ်ညှိနှိုင်းသည့်ဘက် ကာတာနှင့် ပါကစ္စတန်မှတစ်ဆင့် လုပ်ဆောင်သော အီရန်-အမေရိကန် တစ်ဆင့်ခံ ဆွေးနွေးညှိနှိုင်းမှုများ “အလွန်ခပ်စိတ်စိတ်” ဖြစ်နေပြီး အီရန်ဘက်အနေဖြင့် မိမိ၏တောင်းဆိုချက်ကို အဆိုပြုပြီးဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

---------------------

(Chinese Version)

特朗普:“不急于”决定是否重启对伊朗的战事

新华社华盛顿11月2日电(记者黄强 徐剑梅)美国总统特朗普2日表示,对于是否重启对伊朗的战事,他“并不急于”作出决定。  

特朗普当天在接受阿克西奥斯新闻网站电话采访时说:“无论如何,我们都会采取行动,但并不着急。我们在经济上重创了他们。”他还说,美伊目前正在对话,“进展还算顺利……(伊朗方面)并没有大家想象的那么急迫,但他们比以往任何时候都更想达成协议”。  

特朗普当天在华盛顿一场活动上表示,伊朗希望达成协议结束战事,协议“有可能达成”。  

特朗普近日已多次威胁对伊朗恢复军事打击。美国媒体也报道说,美军方已准备好对伊朗进行新一轮大规模打击,特朗普可能在11月美国中期选举后下达行动指令。  

据阿克西奥斯新闻网站报道,特朗普目前至少暂时会采取“双轨并行”的策略:让谈判继续进行,同时做好准备,一旦认定无法达成协议,便重新开战。  

据伊朗伊斯兰共和国通讯社2日报道,伊朗外长阿拉格齐在接受采访时说,通过调解方卡塔尔和巴基斯坦进行的伊美间接磋商“非常密集”,伊方已提出自己的条件。(完)

图说:5月1日,美国总统特朗普在首都华盛顿白宫南草坪接受媒体采访。新华社发(李源清摄)

မူရင်းသတင်း — Xinhua Myanmar