မော်လမြိုင် နိုဝင်ဘာ ၂
မွန်ပြည်နယ် မော်လမြိုင်မြို့ နောင်ခရီရပ်ကွက်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် အခြေခံပညာ မူလတန်း (လွန်) ကျောင်း၌ ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ပြည်ထောင်စုခွင့်ပြုဘဏ္ဍာ ရန်ပုံငွေဖြင့် RCC နှစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်လျက်ရှိသည်။
အဆိုပါ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ယနေ့မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးတို့နှင့်စပ်လျဉ်း၍ မှာကြားခဲ့သည်။
ဆက်လက်၍ မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာအုပ်စု စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဌာနတွင် စိုက်ပျိုးရေရရှိရေးနှင့် စိုက်ပျိုးရေး သုတေသနလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၆-၂၀၂၇ ပြည်ထောင်စုခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် 30 KVA ဆိုလာစနစ် (Solar System) တပ်ဆင်ပြီးစီးမှုအခြေအနေ၊ ရိုးဂိုးကျေးရွာ အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ ၂၀၂၆- ၂၀၂၇ ပြည်ထောင်စုခွင့်ပြုဘဏ္ဍာ ရန်ပုံငွေဖြင့် RCC နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)