Myanmar Digital News

ခရမ်းမြို့နယ်၌ ဆီထွက်နေကြာနှင့် ပဲပုပ်မျိုးစေ့ပေးအပ်

ခရမ်း နိုဝင်ဘာ ၂

 

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအား ဆီထွက်နေကြာနှင့် ပဲပုပ်မျိုးစေ့များ  ပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂ ရက်တွင် ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗြဟ္မစိုရ်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာ ဝင်းသန်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ရဲတို့က အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဌေးက ဆီထွက်သီးနှံနေကြာနှင့် ပဲပုပ်စိုက်ပျိုးရေးနည်းစနစ်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဆီထွက်သီးနှံနေကြာနှင့် ပဲပုပ်မျိုးစေ့များကို ကျေးရွာအုပ်စု ၅၇ အုပ်စုအတွက် တစ်ဧကလျှင် သုံးကီလိုနှုန်းဖြင့် ၆၂၆ ဧကအတွက် ၁၈၇၈ ကီလိုကို တာဝန်ရှိသူများက တောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်နှင်းဝေ(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News