မောင်သာယာ
ကမ္ဘာကြီးသည် တစ်နေ့ထက်တစ်နေ့ ပိုမိုပူနွေးလာသည်။ ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲအကျိုးဆက်များအဖြစ် မိုးခေါင်ရေရှားမှု၊ ရေကြီးရေလျှံမှု၊ မြစ်ချောင်းများ ရေခန်းခြောက်မှုနှင့် မြေယာများ ပျက်စီးဆုံးရှုံးမှုတို့ကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပိုမိုကြုံတွေ့လာကြရသည်။ တစ်ဖက်တွင်လည်း လူဦးရေတိုးပွား လာခြင်း၊ မြို့ပြများချဲ့ထွင်လာခြင်းနှင့် စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းများဖွံ့ဖြိုးလာခြင်းတို့ကြောင့် ရေလိုအပ်ချက်မှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာသည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအနက် ရေရှားပါးမှုပြဿနာသည် လူသားတို့၏ ရှင်သန်ရပ်တည်ရေးကို တိုက်ရိုက်ခြိမ်းခြောက်လာသည့် အရေးကြီးသောစိန်ခေါ်မှုတစ်ခုဖြစ်သည်။ ရေသည် လူသားတို့၏ နေ့စဉ်ဘဝအတွက်သာမက စားရေရိက္ခာဖူလုံရေး၊ ကျန်းမာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်လုံခြုံရေးတို့အတွက်ပါ မရှိမဖြစ်လိုအပ်သော အရင်းအမြစ်ဖြစ်သည်။
ကုလသမဂ္ဂ၏ အချက်အလက်များအရ ကမ္ဘာ့လူဦးရေသန်းပေါင်းများစွာသည် ယနေ့တိုင် ဘေးကင်းသည့် သောက်သုံးရေကို လုံလောက်စွာ မရရှိကြသေးပေ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) တို့၏ ၂၀၂၅ ခုနှစ် ထုတ်ပြန်ချက်တွင်လည်း ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့လူဦးရေ ၂ ဒသမ ၁ ဘီလီယံ ခန့်သည် စနစ်တကျ စီမံခန့်ခွဲထားသော ဘေးကင်း သည့် သောက်သုံးရေဝန်ဆောင်မှုကို မရရှိခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းအချက်က ရေသည် ကမ္ဘာပေါ်တွင် အလွယ်တကူရရှိနိုင်သည့် သဘာဝအရင်းအမြစ် တစ်ခုဟု ထင်မြင်ယူဆ၍မရတော့ကြောင်း သတိပေးနေသည်။ ရေသည် အသက်ဖြစ်သည်။ “ထမင်း အသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်”ဟူသော မြန်မာဆိုရိုးစကားသည် ရေ၏တန်ဖိုးကို အထင်ရှား ဆုံးဖော်ပြနေသည့် စကားတစ်ရပ်ဖြစ်သည်။ လူသားတို့သည် အစားအစာမရှိဘဲ အချိန်အတိုင်းအတာ တစ်ခုအထိ အသက်ရှင်နိုင်သော်လည်း ရေမရှိလျှင် အသက်ရှင်ရပ်တည်ရေးမှာ အလွန်ခက်ခဲသည်။
ရေသည် လူသားတို့ သောက်သုံးရန်အတွက်သာ လိုအပ်ခြင်းမဟုတ်ပေ။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ သန့်ရှင်းရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။ လူသားတို့၏ စီးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်မှုသည် ရေအရင်းအမြစ်များအပေါ် များစွာမှီခိုနေရသည်။
ကမ္ဘာပေါ်တွင် ရေထုများပြားစွာရှိသော်လည်း ယင်းရေအားလုံးကို လူသားတို့ တိုက်ရိုက်အသုံးပြု နိုင်ခြင်းမရှိပေ။ ကမ္ဘာ့ရေထုအများစုသည် ပင်လယ်သမုဒ္ဒရာများမှ ဆားငန်ရေများဖြစ်ပြီး ရေချိုအရင်း အမြစ်များမှာ အချိုးအစားအားဖြင့် နည်းပါးသည်။ ထိုရေချိုများအနက် အများစုမှာ ရေခဲမြစ်များနှင့် မြေအောက်ရေများအဖြစ် တည်ရှိနေကြသဖြင့် အလွယ်တကူ ထုတ်ယူအသုံးပြုနိုင်သည့် ရေပမာဏမှာ ပိုမိုနည်းပါးနေသည်။
ထို့ကြောင့် ရေရှိနေခြင်းနှင့် အသုံးပြုနိုင်သည့် ရေရှိခြင်းတို့သည် အဓိပ္ပာယ်မတူညီပေ။ ရေအရင်း အမြစ်များရှိနေသော်လည်း သန့်ရှင်းသော သောက်သုံးရေမရရှိခြင်း၊ ဖြန့်ဖြူးပေးနိုင်သည့် အခြေခံအဆောက်အအုံမရှိခြင်းနှင့် စနစ်တကျ စီမံခန့်ခွဲမှုအားနည်းခြင်းတို့ကြောင့် လူအများအပြား သည် ရေအခက်အခဲများကို ရင်ဆိုင်နေကြရသည်။
ရာသီဥတုပြောင်းလဲမှုနှင့် ရေရှားပါးလာသည့်ကမ္ဘာကြီး
ကမ္ဘာကြီးပူနွေးလာမှုသည် ရေအရင်းအမြစ်များအပေါ် တိုက်ရိုက်သက်ရောက်မှုရှိနေသည်။ အပူချိန်မြင့်တက်လာခြင်းကြောင့် မြစ်ချောင်း၊ အင်းအိုင်နှင့် ရေလှောင်ကန်များမှ ရေငွေ့ပြန်မှု ပိုမို များပြားလာသည်။ တစ်ဖက်တွင် မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲလာခြင်းကြောင့် အချို့ဒေသများတွင် မိုးခေါင်ရေရှားမှုများ ကြုံတွေ့ရသကဲ့သို့ အချို့ဒေသများတွင် ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်လာသည်။
အထူးသဖြင့် တောင်တန်းဒေသများရှိ ရေခဲမြစ်များ အရည်ပျော်မှုသည်လည်း စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ခုဖြစ်လာသည်။ ဟိမဝန္တာ တောင်တန်းအပါအဝင် ကမ္ဘာ့တောင်တန်းဒေသများသည် အာရှတိုက်ရှိ မြစ်ကြီးများအတွက် အရေးပါသော ရေအရင်းအမြစ်များကို ဖြည့်ဆည်း ပေးနေသည်။ ရေခဲမြစ်များအရည်ပျော်မှု မြန်ဆန်လာခြင်းက ရေစီးဆင်းမှုပုံစံများကို ပြောင်းလဲစေနိုင်သကဲ့သို့ ရေရှည်တွင် မြစ်ရေစီးဆင်းမှုလျော့နည်း လာနိုင်သည့်အန္တရာယ်ကိုလည်း ဖြစ်ပေါ်စေနိုင်သည်။
ထိုသို့ ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်များ မတည်ငြိမ်လာခြင်းသည် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ခုတည်းမဟုတ်တော့ပေ။ စားရေရိက္ခာထုတ်လုပ်မှု၊ စီးပွားရေး လုပ်ငန်းများနှင့် လူမှုတည်ငြိမ်ရေးတို့ကိုပါ သက်ရောက်စေသည့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတစ်ခု ဖြစ်လာနေသည်။
မြန်မာနိုင်ငံတွင်လည်း ရာသီအလိုက် ရေရှားပါးမှုများကို တွေ့ကြုံရလေ့ရှိသည်။ အထူး သဖြင့် မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မိုးရေချိန်နည်းပါးသောဒေသအချို့တွင် နွေရာသီကာလ၌ ရေတွင်း၊ ရေကန်များ ခန်းခြောက်ခြင်းနှင့် သောက်သုံးရေအခက်အခဲများ ကြုံတွေ့ရ တတ်သည်။ ထိုအခြေအနေများသည် ရေရှားပါး ဒေသများတွင် နေထိုင်သူများအတွက် ရေကိုမည်မျှ တန်ဖိုးထားရမည်ကို သတိပေးနေသည့်ဖြစ်ရပ်များပင်ဖြစ်သည်။
ရေအရင်းအမြစ်နှင့် ပထဝီနိုင်ငံရေး
ယနေ့ ၂၁ ရာစုတွင် ရေသည် သဘာဝ သယံဇာတတစ်ခုအဖြစ်သာမက ပထဝီနိုင်ငံရေးအရ အရေးပါသော အရင်းအမြစ်တစ်ခုအဖြစ်လည်း ပိုမိုအာရုံစိုက်ခံလာရသည်။ တစ်ချိန်က ရေနံနှင့် သဘာဝဓာတ်ငွေ့တို့သည် နိုင်ငံတကာနိုင်ငံရေးနှင့် စီးပွားရေးပြိုင်ဆိုင်မှုများ၏ အဓိကအကြောင်းအရာများဖြစ်ခဲ့ကြသည်။ ယခုအခါ ရေချိုအရင်းအမြစ်များသည်လည်း နိုင်ငံတော်လုံခြုံရေး၊ စားရေရိက္ခာ ဖူလုံရေး၊ စွမ်းအင်လုံခြုံရေးတို့နှင့် တိုက်ရိုက်ဆက်စပ်လာသည်။
ဥပမာအားဖြင့် အီဂျစ်နှင့် အီသီယိုးပီးယားနိုင်ငံတို့အကြား နိုင်းမြစ်ရေအသုံးပြုမှုနှင့်ပတ်သက်၍ နှစ်ပေါင်းများစွာ တင်းမာမှုများဖြစ်ပေါ်ခဲ့သည်။ အီသီယိုးပီးယားနိုင်ငံက Blue Nile မြစ်ပေါ်တွင် Grand Ethiopian Renaissance Dam (GERD) ရေကာတာ ကြီးကို တည်ဆောက်ခဲ့ခြင်းကြောင့် အောက်ပိုင်း မြစ်ဝှမ်းဒေသရှိ အီဂျစ်နှင့် ဆူဒန်နိုင်ငံတို့၏ ရေအသုံးပြုမှုအပေါ် သက်ရောက်နိုင်ခြေများနှင့် ပတ်သက်၍ အငြင်းပွားမှုများဖြစ်ပေါ်ခဲ့သည်။
အီသီယိုးပီးယားနိုင်ငံအတွက် ယင်းရေကာတာသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော်လည်း အီဂျစ်နိုင်ငံအတွက်မူ နိုင်းမြစ်ရေသည် သောက်သုံးရေ နှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် အလွန်အရေးကြီး သော အရင်းအမြစ်ဖြစ်သည်။ ထို့ကြောင့် ရေကာတာ ၏ရေဖြည့်သွင်းမှု၊ ရေထုတ်လွှတ်မှုနှင့် ရေမျှဝေသုံးစွဲရေးဆိုင်ရာ သဘောတူညီမှုများရရှိရေးသည် နှစ်နိုင်ငံအတွက် အရေးပါသည့်ကိစ္စရပ်ဖြစ်လာခဲ့သည်။
ဤဖြစ်ရပ်က ရေသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အခွင့်အလမ်းဖြစ်သကဲ့သို့ အိမ်နီးချင်းနိုင်ငံများအကြား ပဋိပက္ခဖြစ်ပေါ်စေနိုင် သည့် အကြောင်းရင်းတစ်ခုလည်းဖြစ်နိုင်ကြောင်း ဖော်ပြနေသည်။ သို့ရာတွင် ရေအရင်းအမြစ်များကို မျှဝေသုံးစွဲခြင်းသည် ပဋိပက္ခဖြစ်ပွားရန်သာ အကြောင်းရင်းမဟုတ်ပေ။ နိုင်ငံအချင်းချင်း ယုံကြည်မှုတည်ဆောက်ခြင်း၊ အပြန်အလှန် နားလည်မှုရှိခြင်းနှင့် ပူးပေါင်းစီမံခန့်ခွဲခြင်းတို့မှ တစ်ဆင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လည်း ဖော်ဆောင်နိုင်သည်။
ရောဟိနီမြစ်က ပေးသော ငြိမ်းချမ်းရေးသင်ခန်းစာ
ရေအရင်းအမြစ်ကြောင့် ပဋိပက္ခများဖြစ်ပွားနိုင်သည့်အကြောင်းကို မြတ်စွာဘုရားရှင်၏ ရောဟိနီမြစ်အရေးအခင်း ဇာတ်တော်တွင်လည်း တွေ့မြင်နိုင်သည်။ ဗုဒ္ဓဝင်အဆိုအရ မြတ်စွာဘုရားရှင် သည် မဟာဝုန်တောကြီး၌ သီတင်းသုံးနေတော်မူစဉ် ကပိလဝတ်ပြည်သားများနှင့် ကောလိယပြည်သားများအကြား ရောဟိနီမြစ်ရေကို အသုံးပြုရေးနှင့် ပတ်သက်၍ အငြင်းပွားမှုဖြစ်ပွားခဲ့သည်။
ရောဟိနီမြစ်သည် ကပိလဝတ်ပြည်နှင့် ကောလိယပြည်ကြားမှ ဖြတ်သန်းစီးဆင်းသည့် မြစ်တစ်စင်းဖြစ်သည်။ မိုးခေါင်သည့်နှစ်တွင် မြစ်ရေနည်းပါးလာသဖြင့် နှစ်ဖက်သော ပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ရေအလုံအလောက် မရရှိကြတော့ပေ။ ထို့ကြောင့် မြစ်ရေကိုမိမိတို့ဘက်က ပိုမိုရရှိရေးအတွက် အငြင်းပွားကြရာမှ နှစ်ပြည်ထောင်အကြား စစ်မက်ဖြစ်ပွားတော့မည့်အခြေအနေသို့ ရောက်ရှိခဲ့ကြသည်။
ထိုအခြေအနေကို သိမြင်တော်မူသော မြတ်စွာဘုရားရှင်က ရောဟိနီမြစ်ကမ်းသို့ ကြွရောက်တော်မူ ပြီး နှစ်ဖက်သောပြည်သူများအား ဆုံးမတော်မူခဲ့သည်။ မြစ်ရေ၏တန်ဖိုးထက် လူ့အသက်နှင့် ငြိမ်းချမ်းရေး၏တန်ဖိုးက ပိုမိုကြီးမားကြောင်း၊ အငြင်းပွားခြင်းထက် အပြန်အလှန်နားလည်မှုဖြင့် ဖြေရှင်းခြင်းက ပိုမိုအကျိုးရှိကြောင်း သဘောပေါက်စေခဲ့သည်။
ဤဇာတ်တော်သည် ရေအရင်းအမြစ်ကို မျှဝေသုံးစွဲရာတွင် အတ္တနှင့် အာဏာပြိုင်ဆိုင်မှုထက် ညီညွတ်မှု၊ နားလည်မှုနှင့် ငြိမ်းချမ်းရေးကို ဦးစားပေးသင့်ကြောင်း ယနေ့ခေတ်လူသားများအတွက်လည်း သင်ခန်းစာပေးလျက်ရှိသည်။
ရေကို တန်ဖိုးထားသည့်နိုင်ငံများ
ကမ္ဘာ့နိုင်ငံအချို့သည် ရေရှားပါးမှုကို ရင်ဆိုင်ဖြေရှင်းရန် ရေအရင်းအမြစ်စီမံခန့်ခွဲမှု၊ နည်းပညာ အသုံးချမှုနှင့် ပြည်သူများ၏ ရေချွေတာသုံးစွဲမှုတို့ကို ပေါင်းစပ်ဆောင်ရွက်နေကြသည်။ အစ္စရေးနိုင်ငံ သည် ရေအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် နည်းပညာအသုံးချမှုတွင် စံနမူနာယူစရာ နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ မိုးရေချိန်နည်းပါးသည့် သဘာဝအခြေအနေ ကိုရင်ဆိုင်နိုင်ရန် ပင်လယ်ရေကိုသန့်စင်၍ သောက်သုံးရေအဖြစ် ပြောင်းလဲအသုံးပြုခြင်း၊ စွန့်ပစ်ရေများကိုသန့်စင်ပြီး စိုက်ပျိုးရေးလုပ်ငန်း များတွင် ပြန်လည်အသုံးပြုခြင်းနှင့် ရေစက်ချ စိုက်ပျိုးရေးနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
အထူးသဖြင့် ရေစက်ချစိုက်ပျိုးရေးစနစ်သည် အပင်၏အမြစ်ပိုင်းသို့ လိုအပ်သည့်ရေပမာဏကို တိုက်ရိုက်ပေးပို့နိုင်သဖြင့် ရေဆုံးရှုံးမှုကို လျှော့ချနိုင်သည့် ထိရောက်သောနည်းလမ်းတစ်ခုဖြစ်သည်။ ထို့ပြင် ရေကိုချွေတာသုံးစွဲရေး အသိပညာပေး လုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်ကြ သည်။ ကျောင်းသားလူငယ်များကို ငယ်စဉ်ကတည်းက ရေ၏တန်ဖိုး၊ ရေသုံးစွဲမှုစနစ်နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို သင်ကြားပေးခြင်းက ရေချွေတာရေးအလေ့အကျင့်ကောင်းများ ရရှိစေရန် အထောက်အကူပြုသည်။
ယင်းအတွေ့အကြုံများက ရေရှားပါးမှုကို ဖြေရှင်းရာတွင် နည်းပညာတစ်ခုတည်းဖြင့် မလုံလောက်ကြောင်း၊ ပညာရေး၊ စည်းမျဉ်း စည်းကမ်း၊ ပြည်သူပူးပေါင်းပါဝင်မှုနှင့် ရေရှည် စီမံကိန်းများလည်း လိုအပ်ကြောင်း ပြသနေသည်။
ရေတစ်စက်ကိုချွေတာခြင်းသည် အနာဂတ်ကို ကာကွယ်ခြင်း
ရေအရင်းအမြစ်များကို ထိန်းသိမ်းခြင်းသည် အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏တာဝန် သာမက ပြည်သူတစ်ဦးချင်းစီ၏တာဝန်လည်း ဖြစ်သည်။ နေ့စဉ်ဘဝတွင် ရေအသုံးပြုမှု အလေ့အကျင့်ကောင်းများ မွေးမြူခြင်းဖြင့် ရေကို များစွာချွေတာနိုင်သည်။ ကားများဆေးကြောရာ တွင် ရေပိုက်ဖြင့် အဆက်မပြတ်ဆေးကြောခြင်းထက် ရေပုံးနှင့် အဝတ်ကို အသုံးပြုခြင်း၊ သစ်ပင်ပန်းပင်များ ရေလောင်းရာတွင် ရေလောင်းပုံးကိုအသုံးပြုခြင်း၊ သွားတိုက်နေစဉ်နှင့် ခေါင်းလျှော်နေစဉ် ရေပိုက်ခေါင်းပိတ်ထားခြင်းတို့သည် လက်တွေ့ကျင့်သုံးနိုင်သည့် ရေချွေတာရေးနည်းလမ်းများဖြစ်သည်။
ထို့ပြင် ရေပိုက်များနှင့် ရေဘုံပိုင်ခေါင်းများတွင် ရေယိုစိမ့်မှုရှိ၊ မရှိ ပုံမှန်စစ်ဆေးခြင်း၊ မိုးရေကို စုဆောင်းသိုလှောင်ခြင်း၊ ရေသန့်ရှင်းမှုအခြေအနေနှင့် သင့်လျော်ပါက အသုံးပြုပြီးရေများကို ပြန်လည် အသုံးပြုခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်သည်။ စိုက်ပျိုးရေးလုပ်ငန်းများတွင်လည်း ရေကို အလေအလွင့်နည်းပါးစေမည့် နည်းစနစ်များ အသုံးပြုရန်လိုအပ်သည်။ သီးနှံအမျိုးအစားနှင့် ဒေသ၏ ရာသီဥတုအခြေအနေတို့အပေါ်မူတည်၍ သင့်လျော်သည့် စိုက်ပျိုးရေးနည်းလမ်းများ ရွေးချယ်ခြင်း၊ ရေသွင်းစနစ်များကို ပြုပြင်တိုးတက်စေခြင်းနှင့် မိုးရေကို စနစ်တကျ စုဆောင်းအသုံးပြုခြင်းတို့သည် ရေရှားပါးမှုကို လျှော့ချနိုင်မည့်နည်းလမ်းများ ဖြစ်သည်။
ရေချွေတာခြင်းသည် ရေကိုသာ ချွေတာခြင်း မဟုတ်ပေ။ ရေကိုစုပ်ယူခြင်း၊ သန့်စင်ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့အတွက် အသုံးပြုရသည့် လျှပ်စစ်စွမ်းအင်နှင့် ငွေကြေးကုန်ကျမှုတို့ကိုလည်း လျှော့ချ နိုင်သည်။ ထို့ကြောင့် ရေကို အကျိုးရှိရှိအသုံးပြုခြင်းသည် မိသားစုစီးပွားရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်ပါ အကျိုးရှိစေသည်။
သို့သော် ရေချွေတာရေးကို ပြည်သူတစ်ဦးချင်း၏ အပြုအမူပြောင်းလဲမှုဖြင့်သာ ဖြေရှင်း၍မရနိုင်ပေ။ နိုင်ငံတော်အဆင့်တွင် ရေအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲခြင်း၊ မြစ်ချောင်းများ ညစ်ညမ်းမှု ကိုကာကွယ်ခြင်း၊ မြေအောက်ရေ အလွန်အကျွံ ထုတ်ယူသုံးစွဲမှုကို ထိန်းချုပ်ခြင်း၊ ရေလှောင်ကန်နှင့် ရေပေးဝေရေးစနစ်များ တိုးတက်အောင် ဆောင်ရွက်ခြင်းတို့ကိုလည်း အလေးထားရန် လိုအပ်သည်။
အထူးသဖြင့် ရေချိုအရင်းအမြစ်များကို လက်ရှိမျိုးဆက်အတွက်သာမက နောင်လာမည့် မျိုးဆက်များအတွက်ပါ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်သည်။
လူသားတို့၏အနာဂတ်နှင့် ရေတစ်စက်၏တန်ဖိုး
ရေသည် သဘာဝတရားက လူသားတို့အား ပေးအပ်ထားသည့် အဖိုးတန်လက်ဆောင်တစ်ခု ဖြစ်သည်။ သို့သော် သဘာဝအရင်းအမြစ်ဖြစ်သည့်အတွက် အကန့်အသတ်မရှိ ရရှိနိုင်မည်ဟု ယူဆ၍ မရပေ။ ရေကို အလဟဿဖြုန်းတီးခြင်း၊ မြစ်ချောင်းများ ညစ်ညမ်းစေခြင်းနှင့် ရေအရင်းအမြစ်များကို စနစ်မကျစွာ အသုံးပြုခြင်းတို့သည် နောင်လာမည့် မျိုးဆက်များအတွက် ရေအခက်အခဲများကို ပိုမို ဖြစ်ပေါ်စေနိုင်သည်။
ယနေ့ ကျွန်ုပ်တို့၏ ရေသုံးစွဲမှုအလေ့အကျင့်သည် မနက်ဖြန် မျိုးဆက်သစ်များ၏ဘဝအပေါ် သက်ရောက်မှုရှိနေမည်ဖြစ်သည်။ ထို့ကြောင့် ရေကို တန်ဖိုးထားခြင်းသည် မိမိတို့၏ အသက်ရှင်ရပ်တည်ရေးကို ကာကွယ်ခြင်းသာမက သားစဉ်မြေးဆက်တို့၏ အနာဂတ်ကိုပါ ကာကွယ်ခြင်းဖြစ်သည်။
ရေတစ်စက်သည် သေးငယ်သည့်ပမာဏ တစ်ခုသာဖြစ်သော်လည်း ထိုရေတစ်စက်တွင် လူသားတို့၏ အသက်၊ ကျန်းမာရေး၊ စားရေရိက္ခာနှင့် အနာဂတ်တို့ တည်ရှိနေသည်။ ရေတစ်စက်ကို တန်ဖိုးထားခြင်းသည် လူသားတို့၏ရှင်သန်မှုကို တန်ဖိုးထားခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ရေကို ရရှိနေစဉ်ကာလတွင် တန်ဖိုးထားသုံးစွဲကြရန်၊ ရှားပါးလာမှသာ တန်ဖိုးသိတတ်သည့် အလေ့အကျင့်မျိုးကို ရှောင်ကြဉ်ကြရန်နှင့် ရေအရင်းအမြစ်များကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ကြရန် တိုက်တွန်းလိုပါသည်။
ရေတစ်စက်ကို ချွေတာခြင်းသည် လူသားတို့၏ အနာဂတ်အတွက် မျှော်လင့်ချက်တစ်စက်ကို ထိန်းသိမ်းခြင်းပင်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။