မကွေး နိုဝင်ဘာ ၂
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်အတွင်း ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးမှုအထွက်နှုန်း တိုးတက်စေရေးနှင့် ဝါသီးနှံလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၆-၂၀၂၇ ခုနှစ် ချည်မျှင်ရှည်ဝါစိုက်ပျိုးသော ဒေသခံတောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေ တိုက်ရိုက်ထုတ်ချေးပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် ဝါသီးနှံစိုက်တောင်သူများ တက်ရောက်သည်။
ဦးစွာ မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ-မြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကား ပြောကြားကာ မကွေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဝါသီးနှံစိုက်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မကွေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အုန်းတွဲကျေးရွာ၊ ဆိပ်သာကျေးရွာ၊ ကူးသန်းကျေးရွာနှင့် ရွာသစ်ကျေးရွာတို့မှ ဒေသခံ ဝါစိုက်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်သည်။ အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးမှုတွင် စုစုပေါင်းကျေးရွာလေးရွာမှ ဝါသီးနှံစိုက်တောင်သူ ၈၃ ဦး၏ ချည်မျှင်ရှည်ဝါ စိုက်ဧက ၂၂၆ ဒသမ ၅၀ ဧကအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၆၇၉ ဒသမ ၅၀ သိန်းကို အပြည့်အဝ ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)