ဟင်္သာတ နိုဝင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးရေကြီးနစ်မြုပ်ပျက်စီးသော ဧကများအား ဆောင်းသီးနှံပြန်လည်စိုက်ပျိုးရန်အတွက် နိုင်ငံတော်က ပဲမျိုးများ၊ စက်သုံးဆီများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ဆောင်းဆီထွက်သီးနှံ စိုက်ပျိုးရန် နေကြာမျိုးစေ့များ၊ ဓာတ်မြေဩဇာများ ပေးအပ်ပွဲကို နိုဝင်ဘာ ၂ ရက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အမှာစကားပြောကြားသည်။
ဟင်္သာတမြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးရေကြီး နစ်မြုပ်ပျက်စီးသော ဧကများအား ဆောင်းသီးနှံ ပြန်လည်စိုက်ပျိုးရန် တစ်ဧကလျှင် မတ်ပဲမျိုး ရှစ်ပြည် နှုန်း၊ ထွန်ယက်ဆီ ၂ ဒသမ ၅ ဂါလန်နှုန်း၊ ဆောင်းဆီထွက်သီးနှံ စိုက်ပျိုးနိုင်ရေး နေကြာမျိုးစေ့များ၊ဓာတ်မြေဩဇာများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်းနှင့် ခရိုင်အဆင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းနှင့် မြို့နယ်အဆင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)