ရန်ကုန် နိုဝင်ဘာ ၂
မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာ့ ရိုးရာပွဲဈေး ကျင်းပရခြင်းနှင့်ပတ်သက်၍ စာနယ်ဇင်း ရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ စိမ်းလန်းစိုပြည်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာခင် က မြန်မာ့ရိုးရာပွဲဈေး ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ မြန်မာ့ရိုးရာ အစားအစာများဖြစ်သည့် ဆန်၊ ကောက်ညှင်း၊ ပဲ၊ ပြောင်းစသည့် စိုက်ပျိုးရေးထွက်ကုန်များကို အခြေခံထုတ်လုပ်ထားသည့် ကျန်းမာရေးနှင့် ညီညွတ်ပြီး သဘာဝအလျောက်ထွက်ရှိသည့် ဒေသထွက် စားသောက်ကုန်များ၊ မြန်မာ့ရိုးရာ လက်မှုပစ္စည်းများ ဖြစ်သည့် ယွန်းထည်၊ ကြိမ်ထည်၊ ရွှေချည်ငွေချည်ထိုး လုပ်ငန်းများနှင့် အနုသုခုမ လက်ရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်၊ ယခုခေတ်လူငယ်များအနေဖြင့် မိမိတို့၏ ရိုးရာဓလေ့ထုံးစံပွဲတော်များကို တန်ဖိုးထားတတ်စေရန်၊ ပျောက်ပျက် မသွားအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်နှင့် နိုင်ငံတကာကို မြန်မာ့ယဉ်ကျေးမှု အဆင့်အတန်းနှင့် ရိုးရာစားသောက် ကုန်များကို သိရှိနိုင်စေရန်ရည်ရွယ်၍ ပွဲကိုကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
မြန်မာလူမျိုးတို့၏ နေ့စဉ်ဘဝနှင့် အစဉ်အလာများကို ပေါ်လွင်စေသည့် ရိုးရာယဉ်ကျေးမှုအမွေ အနှစ်များကို ခေတ်နှင့်အညီ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းသည့် အနေဖြင့် “မြန်မာ့ရိုးရာပွဲဈေး”ကို နိုဝင်ဘာ ၆ ရက်မှ ၈ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြိုနယ် Inya Lake Hotel ၊ ရန်ကုန် ကွန်ဗင်းရှင်းစင်တာ ( YCC ) ၌ နံနက် ၁ဝ နာရီမှ ည ၈ နာရီအထိ ခင်းကျင်း ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ့ရိုးရာ အစားအစာများ၊ မြန်မာ့ရိုးရာအဝတ် အထည်များ၊ မြန်မာ့စားဖွယ် ပြုလုပ်နည်းသရုပ်ပြပွဲများ၊ မြန်မာအစားအစာနှင့် အာဟာရတန်ဖိုး စကားဝိုင်းများ၊ စမ်းရေမိုးဇာတ်ပွဲ နှင့် Project K အဖွဲ့ဖျော်ဖြေပွဲများ၊ တိုင်းရင်းသား ပဒေသာအကများ စသည်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
မြန်မာ့ရိုးရာပွဲဈေးတွင် ဆိုင်ခန်းပေါင်း ၁၅၅ ခန်းကို ဇုန်သုံးခုခွဲ၍ ဇုန်(A) ပွဲဈေးတန်းတွင် အစား အသောက်များ၊ ဇုန် (B) ဈေးတန်းတွင် ဒေသအသီးသီး၏ စားသောက်ကုန်များ၊ ဇုန်(C)တွင် တိုင်းရင်း သားဒေသအသီးသီးမှ ထွက်ကုန်နှင့် လူသုံးကုန်အမျိုးမျိုးပါဝင်မည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)