Myanmar Digital News

နည်းပညာတက္ကသိုလ်(မော်လမြိုင်) ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိ

နေပြည်တော် နိုဝင်ဘာ ၂

 

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ နည်းပညာတက္ကသိုလ် (မော်လမြိုင်)၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု၊ စာသင်ခန်းများ၊ သင်ထောက်ကူ ပစ္စည်းများနှင့် ကျောင်းသား ကျောင်းသူအဆောင်များ ပြင်ဆင်ဖြည့်ဆည်းထားရှိမှုကို အောက်တိုဘာ ၃၁ ရက်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ နေခြည်လဲ့လဲ့သိန်း သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစဉ် ဆောက်လုပ်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်စံချိန်စံညွှန်းများ နှင့်အညီ ဆောင်ရွက်ရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးတို့ကို အလေးထား ဆောင်ရွက်ကြရန် မှာကြားသည်။

 

ထို့အတူ နိုဝင်ဘာ ၁ ရက်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(မော်လမြိုင်) တို့၌ သင်ကြားရေး၊ စီမံခန့်ခွဲရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဆိုင်ရာ ဆောင်ရွက်ထားရှိမှု၊ စာသင်ခန်းများနှင့် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းထားရှိမှု၊ ကျောင်းသား ကျောင်းသူအဆောင်များ ပြင်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ထားရန်၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေးတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News