မုံရွာ နိုဝင်ဘာ ၂
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က အမှာစကား ပြောကြားပြီး ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅(ဂ)နှင့်အညီ တိုင်းဒေသကြီး တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ကြည်း ၂၄၉၉၃ ဗိုလ်မှူးကြီး ဝင်းတင်စိုး အစား ကြည်း ၃၁၅၇၄ ဗိုလ်မှူးကြီးမင်းသိန်းက လွှတ်တော်ဥက္ကဋ္ဌ၏ရှေ့မှောက်တွင် ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးသည်။
ဆက်လက်၍ ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၀ နှင့်အညီ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးစောရန်အောင်က လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်တွင် ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပေးပို့လာသည့် စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ကြည်း ၂၄၉၉၃ ဗိုလ်မှူးကြီး ဝင်းတင်စိုး အစား ကြည်း ၃၁၅၇၄ ဗိုလ်မှူးကြီး မင်းသိန်း၏ အမည်စာရင်းအား လွှတ်တော်တွင် တင်ပြအတည်ပြုချက်ရယူပြီး လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌက ဥပဒေအထောက်အကူပြုအဖွဲ့ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌက ဥပဒေ အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်းပြီး တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လည်းကောင်း ရှင်းလင်းဖတ်ကြားသည်။
ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ဥပဒေအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင် စုစုပေါင်း ၁၅ ဦး၏ အမည်စာရင်းကို လွှတ်တော်သို့တင်ပြပြီး ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါက လွှတ်တော်ရုံးသို့ နိုဝင်ဘာ ၂ ရက် ညနေ ၄နာရီ နောက်ဆုံးထား အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ၍ လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) ပထမနေ့ ရပ်နားကြောင်း ကြေညာသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)