NP News

အင်းစိန်တွင် လမ်းဖြတ်ကူးသည့် အမျိုးသမီး(၁)ဦးအား ဆယ်ဘီးကားမှ ဝင်တိုက်မိရာ ပွဲချင်းပြီးသေဆုံး

ထိုက်စံ(NP News)-နိုဝင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် လမ်းဖြတ်ကူးသည့် အမျိုးသမီးတစ်ဦးသည် ဆယ်ဘီးကားဖြင့်တိုက်ခံရ၍ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(နိုဝင်ဘာ ၂ ရက်)၊ နေ့လည်(၁)နာရီခန့်က အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး ၊ပြည်တော်သာ လမ်းဆုံတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကျောင်းကြိုသွားရင်းလမ်းဖြတ်ကူးရာကနေ ဆယ်ဘီးကားနဲ့ ချိတ်ပြီး ပါသွားပြီးတော့ နောက်ဘီးနဲ့ ကြိတ်မိတာပေါ့။ ဦးခေါင်း ပွင့်ထွက်သွားတယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယာဉ်တိုက်မှုကြောင့် အသက်(၃၉)နှစ်အရွယ်အမျိုးသမီးသည် ထိခိုက်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့၍ ၎င်း၏ရုပ်အလောင်းအား တွဲလက်လူမှုကူညီရေးအဖွဲ့မှ အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News