NP News

မြန်မာတပ်မတော်ဆီကနေ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုရခဲ့တယ်လို့ ထိုင်း ကာကွယ်ရေးဝန်ကြီးပြော

ဂျန်ဇက်(NP News)- နိုဝင်ဘာ ၃
​ထိုင်းနိုင်ငံရဲ့ နယ်စပ်ဒေသမှာ ထိုင်းပြည်သူတွေ ထိခိုက်ခံစားနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ အဆင့်မြင့် စစ်ဘက်ဆိုင်ရာ အာဏာပိုင်တွေကို ထိုင်းကာကွယ်ရေးဝန်ကြီးက တိုက်ရိုက်ဖုန်းဆက် ဆွေးနွေးခဲ့ပြီး အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုကို ရရှိခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနယ်စပ်နားမှာ မြန်မာတပ်မတော်နဲ့ ကရင်လက်နက်ကိုင်အဖွဲ့ KNUကြားတိုက်ပွဲတွေ ဖြစ်လာပြီးနောက် ထိုင်းကာကွယ်ရေးဝန်ကြီးက အခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်။
​တင်းမာမှုတွေ ရှိနေပေမဲ့လည်း ကမ္ဘောဒီးယားနယ်စပ်အတွက် ထိုင်းတပ်ဖွဲ့တွေအနေနဲ့ အသင့်အနေအထားရှိပြီးထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းတွေ (Rules of Engagement) ချမှတ်ထားကာ အခြေအနေတွေကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်တယ်လို့ထိုင်းကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။
ထိုင်းကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး အဒူလ် ဘွန်းသုမ်ဂျာရွန်း (Adul Boonthumjaroen) ကတော့ မြန်မာနယ်စပ်တစ်လျှောက်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် ထိုင်းပြည်သူတွေ ဆက်ပြီး ထိခိုက်ခံစားနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းကာကွယ်ရေးဝန်ကြီးက သူကိုယ်တိုင်နဲ့ ထိုင်းစစ်ဦးစီးချုပ်တို့ဟာ မြန်မာ့အဆင့်မြင့် စစ်ဘက်ဆိုင်ရာ အာဏာပိုင်တွေထံ တိုက်ရိုက်ဖုန်းခေါ်ဆိုခဲ့ကြသလို သူတို့ရဲ့ စိုးရိမ်ပူပန်ချက်တွေကို နားထောင်ဖို့အတွက် လက်ထောက်စစ်ဘက်ဆိုင်ရာသံမှူးကိုလည်း ဖိတ်ကြားခဲ့တယ်လို့ ရှင်းပြပါတယ်။
ထိုင်းကာကွယ်ရေးဝန်ကြီးက မြန်မာအာဏာပိုင်တွေရဲ့တုံ့ပြန်မှုကတော့ အကောင်းဘက်က ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းဒေသန္တရ တပ်မမှူးတွေနဲ့ ခရိုင်အာဏာပိုင်တွေကလည်း ထိခိုက်ခံစားရတဲ့ ဒေသခံပြည်သူတွေအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပြီး ဖြစ်တယ်လို့ ၄င်းကဆိုပါတယ်။အခြေအနေတွေက အနည်းငယ် သက်သာသွားနိုင်တယ်လို့ ယုံကြည်ကြောင်း ဒါဟာ မြန်မာနိုင်ငံထဲက တိုင်းရင်းသား လူနည်းစုတွေနဲ့ ဖြစ်ပွားနေတဲ့ ပြည်တွင်းပဋိပက္ခတစ်ခုသာ ဖြစ်တယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးကအလေးပေး ပြောကြားခဲ့ပါတယ်။
ဒေသခံတွေရဲ့ လုံခြုံမှုအခြေအနေအပေါ် မူတည်ပြီး ဘေးကင်းရာ လုံခြုံတဲ့နေရာတွေဆီ ပြောင်းရွှေ့ပေးဖို့ကတော့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေ၊ ခရိုင်အာဏာပိုင်တွေနဲ့ စစ်ဒေသရဲ့ တပ်မမှူးတို့ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေတယ်လို့ ဝန်ကြီးအဒူလ်က ရှင်းပြခဲ့ပါတယ်။

Zawgyi Versiion;
ျမန္မာတပ္မေတာ္ဆီကေန အျပဳသေဘာေဆာင္တဲ့ တုံ႔ျပန္မႈရခဲ့တယ္လို႔ ထိုင္း ကာကြယ္ေရးဝန္ႀကီးေျပာ
ဂ်န္ဇက္(NP News)- ႏိုဝင္ဘာ ၃
​ထိုင္းႏိုင္ငံရဲ႕ နယ္စပ္ေဒသမွာ ထိုင္းျပည္သူေတြ ထိခိုက္ခံစားေနရတဲ့ အေျခအေနနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံရဲ႕ အဆင့္ျမင့္ စစ္ဘက္ဆိုင္ရာ အာဏာပိုင္ေတြကို ထိုင္းကာကြယ္ေရးဝန္ႀကီးက တိုက္႐ိုက္ဖုန္းဆက္ ေဆြးေႏြးခဲ့ၿပီး အျပဳသေဘာေဆာင္တဲ့ တုံ႔ျပန္မႈကို ရရွိခဲ့တယ္လို႔ သိရပါတယ္။
ထိုင္းနယ္စပ္နားမွာ ျမန္မာတပ္မေတာ္နဲ႔ ကရင္လက္နက္ကိုင္အဖြဲ႕ KNUၾကားတိုက္ပြဲေတြ ျဖစ္လာၿပီးေနာက္ ထိုင္းကာကြယ္ေရးဝန္ႀကီးက အခုလိုမ်ိဳးေျပာဆိုခဲ့တာျဖစ္ပါတယ္။
​တင္းမာမႈေတြ ရွိေနေပမဲ့လည္း ကေမာၻဒီးယားနယ္စပ္အတြက္ ထိုင္းတပ္ဖြဲ႕ေတြအေနနဲ႔ အသင့္အေနအထားရွိၿပီးထိေတြ႕တိုက္ခိုက္မႈ စည္းမ်ဥ္းေတြ (Rules of Engagement) ခ်မွတ္ထားကာ အေျခအေနေတြကို ထိန္းခ်ဳပ္ထားႏိုင္ဆဲျဖစ္တယ္လို႔ထိုင္းကာကြယ္ေရး ဝန္ႀကီးက ေျပာပါတယ္။
ထိုင္းကာကြယ္ေရးဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး အဒူလ္ ဘြန္းသုမ္ဂ်ာ႐ြန္း (Adul Boonthumjaroen) ကေတာ့ ျမန္မာနယ္စပ္တစ္ေလွ်ာက္မွာ ျဖစ္ပ်က္ေနတဲ့ အေျခအေနေတြေၾကာင့္ ထိုင္းျပည္သူေတြ ဆက္ၿပီး ထိခိုက္ခံစားေနရဆဲ ျဖစ္တယ္လို႔ ဆိုပါတယ္။
ထိုင္းကာကြယ္ေရးဝန္ႀကီးက သူကိုယ္တိုင္နဲ႔ ထိုင္းစစ္ဦးစီးခ်ဳပ္တို႔ဟာ ျမန္မာ့အဆင့္ျမင့္ စစ္ဘက္ဆိုင္ရာ အာဏာပိုင္ေတြထံ တိုက္႐ိုက္ဖုန္းေခၚဆိုခဲ့ၾကသလို သူတို႔ရဲ႕ စိုးရိမ္ပူပန္ခ်က္ေတြကို နားေထာင္ဖို႔အတြက္ လက္ေထာက္စစ္ဘက္ဆိုင္ရာသံမႉးကိုလည္း ဖိတ္ၾကားခဲ့တယ္လို႔ ရွင္းျပပါတယ္။
ထိုင္းကာကြယ္ေရးဝန္ႀကီးက ျမန္မာအာဏာပိုင္ေတြရဲ႕တုံ႔ျပန္မႈကေတာ့ အေကာင္းဘက္က ျဖစ္တယ္လို႔ ဆိုပါတယ္။
ထိုင္းေဒသႏၲရ တပ္မမႉးေတြနဲ႔ ခ႐ိုင္အာဏာပိုင္ေတြကလည္း ထိခိုက္ခံစားရတဲ့ ေဒသခံျပည္သူေတြအတြက္ ျပင္ဆင္မႈေတြ လုပ္ေဆာင္ထားၿပီး ျဖစ္တယ္လို႔ ၄င္းကဆိုပါတယ္။အေျခအေနေတြက အနည္းငယ္ သက္သာသြားႏိုင္တယ္လို႔ ယုံၾကည္ေၾကာင္း ဒါဟာ ျမန္မာႏိုင္ငံထဲက တိုင္းရင္းသား လူနည္းစုေတြနဲ႔ ျဖစ္ပြားေနတဲ့ ျပည္တြင္းပဋိပကၡတစ္ခုသာ ျဖစ္တယ္လို႔ ထိုင္းကာကြယ္ေရးဝန္ႀကီးကအေလးေပး ေျပာၾကားခဲ့ပါတယ္။
ေဒသခံေတြရဲ႕ လုံၿခဳံမႈအေျခအေနအေပၚ မူတည္ၿပီး ေဘးကင္းရာ လုံၿခဳံတဲ့ေနရာေတြဆီ ေျပာင္းေ႐ႊ႕ေပးဖို႔ကေတာ့ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးေတြ၊ ခ႐ိုင္အာဏာပိုင္ေတြနဲ႔ စစ္ေဒသရဲ႕ တပ္မမႉးတို႔ရဲ႕ ဆုံးျဖတ္ခ်က္အေပၚမွာပဲ မူတည္ေနတယ္လို႔ ဝန္ႀကီးအဒူလ္က ရွင္းျပခဲ့ပါတယ္။

မူရင်းသတင်း — NP News