
ထိုက်စံ(NP News)-နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် အဆင့်မြင့်ဈေး စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ EOI ဖွင့်ဖောက် စိစစ်ရွေးချယ်ရေးကော်မတီမှ ယနေ့(နိုဝင်ဘာ ၃ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။
မကွေးမြို့၊ အခြေခံကျန်းမာရေးတက္ကသိုလ်လမ်း ၊ (အရှေ့ဘက်)စစ်မှုထမ်းဟောင်းအိမ်ရာအနီးတွင် အကျယ်အဝန်း (၄ ဒသမ ၇၀)ဧက မြေနေရာပေါ်တွင် "အဆင့်မြင့်ဈေး" စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ယင်းဆောင်ရွက်မည့် စီမံကိန်းအား အကျိုးတူပူးပေါင်းဆောင်ရွက်သည့်နည်းစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်၊ ကုမ္ပဏီများအား စိတ်ဝင် စားမှုဖော်ပြခြင်း လျှောက်လွှာ( Expression of Interest - EOI) ခေါ်ယူဖိတ်ခေါ်ထားကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်၊ ကုမ္ပဏီများသည် စိတ်ဝင်စားမှုဖော်ပြခြင်း လျှောက်လွှာ ( Expression of Interest - EOI )အား ညွှန်ကြား ချက်အမှတ် ၃/၂၀၁၈တွင် ထုတ်ပြန်ထားသည့် နိုင်ငံပိုင်မြေ၊ အဆောက်အအုံများ ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်းနှင့် အကျိုးတူလုပ်ကိုင်ခြင်းများတွင် လိုက်နာရ မည့် ညွှန်ကြားချက်များနှင့်အညီ မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ လာမည့် ဒီဇင်ဘာ (၃)ရက် ညနေ(၃)နာရီတွင် နောက်ဆုံးထားပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ EOI Form အဆိုပြုလွှာပုံစံနှင့် သတ်မှတ် စည်းကမ်း၊ လမ်းညွှန်ချက်များအား ရုံးချိန်အတွင်း အင်ဂျင်နီယာဌာနခွဲ၊ မကွေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ ဆက်သွယ်၍ ယနေ့(နိုင်ဝင်ဘာ ၃ ရက်)မှ ဒီဇင်ဘာ (၃)ရက်အတွင်း လာရောက်ဝယ်ယူနိုင်ကြောင်း ဖော်ပြထားသည်။