NP News

KNU ၏ အဓိကဝင်ငွေလမ်းကြောင်းအတွင်း အွန်လိုင်း ငွေလိမ်လုပ်ငန်းအပြင် တရားမဝင်ရွှေနှင့် သတ္တုတူးဖော်ခြင်းများပါဝင်နေ

သန့်ဇင် (NP News)- နိုဝင်ဘာ ၃
KNU/KNLA တွင် အဓိက ဝင်ငွေလမ်းကြောင်း (၃)ခုရှိနေရာ အွန်လိုင်းငွေလိမ်လုပ်ငန်းများအပြင် တရားမဝင်ရွှေနှင့်သတ္တုတူးဖော်ခြင်းများ ပါဝင်နေကြောင်း သိရှိသူသတင်းရင်းမြစ်က NP News သို့ပြော သည်။
အဆိုပါ ဝင်ငွေလမ်းကြောင်းများအနက် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို မြန်မာ-ထိုင်း နယ်စပ် နှင့် အနီးဆုံးထိစပ်နေသည့် KNU ၏ တပ်မဟာ (၄)၊ တပ်မဟာ (၆) နှင့် တပ်မဟာ (၇)တို့တွင် အဓိက ပြု လုပ်ကြကြောင်း သိရသည်။ “အဲဒီတော့ ဒါတွေကလည်း ဝင်ငွေက ရှိမှာပဲ။ တပ်မဟာ (၇)က KNU ရဲ့ ဌာနချုပ်အနေနဲ့လည်း ဖြစ်နေတော့လုပ်တာပေါ့။ ဒါဘောတို့ကိုယ်တိုင်က သူတို့ကိုယ်တိုင် မပါဝင် မ ပတ်သက်ဘူးလို့ပြောပေမယ့် သူ့မိန်းမနာမည်နဲ့ဖြစ်ဖြစ်၊ သူ့ညီနာမည်နဲ့ဖြစ်ဖြစ် လုပ်နေတာရှိတယ်။ လူ တွေက မသိကြလို့”ဟု အထက်ပါ သိရှိသူသတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် အထက်ပါ တပ်မဟာနယ်မြေများ၏ခေါင်းဆောင် တပ်မမှူးများကိုယ်တိုင်ပင်လျှင် မြေ ငှားရမ်းလုပ်ကိုင်ခြင်းနှင့် ကိုယ်ပိုင်လုပ်ကိုင်ခြင်းဟူ၍ (၂)ပိုင်းခွဲလုပ်ကိုင်ကြသော အွန်လိုင်း ငွေလိမ်လုပ် ငန်းများလည်းရှိနေကြောင်း ၎င်းကဆိုသည်။ “Online Scam ပေါ့နော်။ တရားမဝင်တာတောင် တပ်မ မှူးတစ်ယောက်ကို တစ်ရုံလောက်ပိုင်တယ်။ သဘောက လွတ်မြောက်ရေးခေါင်းစဉ်အောက်ကနေ အဲဒီ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေလုပ်ကြတယ်။ အဓိက Main စီးပွားရေးလုပ်ငန်းတွေထဲမှာ အဲဒီဟာတွေ လုပ်ကြတယ်” ဟု ၎င်းကပြောသည်။
ထို့ပြင် KNU ၏ တရားမဝင်ရွှေလုပ်ကွက်များကို တပ်မဟာ (၁)၊ တပ်မဟာ (၂)၊ တပ်မဟာ (၃) နှင့် တပ်မဟာ(၅)တို့တွင် အများဆုံးတွေ့ရနိုင်ပြီး အဆိုပါဒေသများသည် လက်ရှိကာလတွင်ပင် ရွှေ လုပ် ကွက်များစွာဖြင့် နာမည်ကျော်ဒေသများဖြစ်ကြောင်းသိရသည်။
“နံပါတ်တစ်က ရွှေလုပ်ကွက်ပေါ့။ အဲဒါ က တပ်မဟာ (၁)၊ (၂)၊ (၃) နဲ့ (၅) ပေါ့နော်။ အဲဒီ တစ် ကြောမှာ ရွှေတောက်လျှောက်လုပ်တယ်။ သထုံ၊ ဘီးလင်း၊ ရွှေကျင်တစ်ဝိုက်က ရွှေထွက်တဲ့နေရာပဲ။ အဲဒီ မှာ တောက်လျှောက်လုပ်လာတာ။ ရွှေကျင်ဆိုတဲ့ အတိုင်းပဲ တကယ်ရွှေကြောတွေ။ ဘီးလင်းရွှေကြော ဆိုလည်း နာမည်ကြီးပဲ” ဟု ၎င်းကဆက်ပြောသည်။
ထို့ပြင် ခဲမဖြူ၊ အဖြိုက်နက်နှင့် ခနောက်စိမ်းလုပ်ကွက်များကိုလည်း တပ်မဟာ (၆)ဖြစ်သော ဒူး ပလာယာခရိုင်နှင့် တပ်မဟာ (၄)ဖြစ်သော မြိတ်-ထားဝယ်ခရိုင်တို့တွင် အများစုတည်ရှိကြပြီး ယင်း ဒေသများတွင်လည်း သတ္တုလုပ်ကွက်များစွာရှိရာ တရုတ်လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းလုပ် ဆောင်နေကြောင်း အထက်ပါသတင်းရင်းမြစ်ကဆိုသည်။
“နောက်ပြီး ခနောက်စိမ်းလုပ်ကွက်တွေရှိတယ်။ ခနောက်စိမ်းကတော့ တပ်မဟာ (၆)နဲ့ (၄) တို့ မှာ ခနောက်စိမ်းတွေထွက်ကြတယ်။ ခဲမဖြူနဲ့ အဖြိုက်နက်ပေါ့။ အဲဒီဟာတွေလုပ်တယ်။ အဲဒီလုပ်ကွက် တွေရှိကြတယ်။ ကျွန်တော်သိတဲ့ တပ်မဟာ (၆)မှာဆိုရင် သားငယ်လို့ခေါ်တဲ့ KNU ကလုပ်တဲ့လုပ်ကွက် တွေကနေ ခဲမဖြူနဲ့အဖြိုက်နက်ကို တရုတ်တွေနဲ့တွဲပြီးလုပ်တာ”ဟု ၎င်းကဆက်ပြောသည်။
ထို့ပြင် (၂၀၂၁)ခုနှစ်နောက်ပိုင်း တပ်မတော်နှင့်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီးနောက် နယ် မြေထိန်းချုပ်မှုများမှ ကုန်စည်စီးဆင်းရေးအပေါ် လွှမ်းမိုးလာသော ဂိတ်ထိုင် ငွေကြေးကောက်ခံမှုများ နှင့် ဒေသတွင်း/ဒေသပြင် ကုန်သွယ်ခြင်းများမှလည်း ငွေကြေးစီးဆင်းမှုအားကောင်းလာခြင်းအတွင်း ပါဝင်ကြောင်းလည်း ၎င်းကဆိုသည်။
“တပ်မဟာ (၆)တစ်ခုကိုပဲ ပြောပြမယ်။ အဲဒီမှာ ဂိတ်ကြေးနဲ့ ကုန်သွယ်ရေးကနေ တစ်ရက်ကို စီးပွားရေးကွန်ရက်ကနေ ငွေကြေးလည်ပတ်မှုက ကျပ်သိန်း (၅၀ဝဝ)က အနည်းဆုံးရှိမယ်။ နယ်စပ်နဲ့ နီးတဲ့အဖွဲ့/တပ်မဟာတွေက ပိုပြီး အဲဒီကိစ္စမှာ ခွင် ကောင်းတယ်”ဟု ၎င်းကဆက်ပြောသည်။ ထို့ပြင် အွန်လိုင်းငွေလိမ်လုပ်ငန်းမှ ဘတ်ငွေဖြင့် ငွေကြေးရ ရှိမှု၊ တရားမဝင် ရွှေနှင့်သတ္တုတူးဖော်ခြင်းမှ ငွေ ကြေးရရှိမှု၊ ဂိတ်ကြေးနှင့် တရားမဝင်ကုန်သွယ်ခြင်းများ အပြင် တပ်မဟာမှူးများနှင့် KNU ခေါင်းဆောင် များ၏ တရားမဝင်စီးပွားရေးလုပ်ကွက်များစွာလည်းရှိနေကြောင်း ၎င်းကဆိုသည်။
အဆိုပါ စီးပွားရေးလုပ်ကွက်နှင့် လုပ်ငန်းများအတွင်း လက်နက်ရောင်းဝယ်ခြင်းနှင့် တရားမဝင် မူးယစ်ဆေးဝါးလုပ်ငန်းများမပါဝင်သေးသည့်တိုင် KNU ၏ တစ်ရက်တာပျမ်းမျှဝင်ငွေကြောင့် ထိပ်ပိုင်း ခေါင်းဆောင်များ ဘီလျံနာနီးပါးအထိ ချမ်းသာကြွယ်ဝနေပြီဖြစ်ကြောင်းလည်း အထက်ပါ သတင်းရင်း မြစ်ကဆိုသည်။
“စစ်ပွဲရဲ့နောက်ဘက်မှ ချမ်းသာလာတာတွေပဲ။ လူမသိတဲ့အချက်တွေပေါ့။ တကယ်တော့ စစ်ပွဲ တွေကြားထဲမှာ KNU ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ချမ်းသာကြွယ်ဝမှုက ဘီလျံနာတွေဆိုတဲ့အနေ အ ထားကိုရောက်ဖို့တောင်မှ သိပ်မလိုတော့ဘူးလို့ထင်တာပဲ။ လက်ရှိ သူတို့ရဲ့ပိုင်ဆိုင်မှုတွေနဲ့ သူတို့ရဲ့ လုပ် ကွက်တွေကို မြင်ခဲ့ရသလောက်ပေါ့။ ကျွန်တော်ကလည်း ဒီနယ်မြေမှာနေနေလို့ သိသင့် သလောက် သိရ တာ”ဟု ၎င်းကပြောသည်။

မူရင်းသတင်း — NP News