Myanmar Transparency News

မိသားစုဇာတ်ကိုမှ ရသစုံခံစားရမယ့် “စေ“ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး

၄.၁၁.၂၀၂၆
Written By Thandar

မိုးကောင်းကင် ရုပ်ရှင်ထုတ်လုပ်ရေးက မိသားစုဇာတ်ကိုမှ ရသစုံခံစားရမယ့်ပုံစံ “စေ”ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးပွဲ အခမ်းအနားကို နိုဝင်ဘာ ၃ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ အိမ်တော်ရာစေတီမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်က စေဆိုတဲ့ ဒီဇာတ်ကားကို ဆရာမထက်မြတ်နိုင်ဇင်ရဲ့ ဝတ္ထုပေါ့နော်။ ဒါက ဒါရိုက်တာ မယ်မင်းဘုံပါ။ မိုးကောင်းကင်ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးမှာဖြစ်ပါတယ်။ ဒီကားမှာ ကျွန်တော်ရယ် ရွှေသမီးရယ်၊ ဟိန်းသီဟရယ်၊ မမျိုးသန္တာထွန်း၊ အမေဝါဝါအောင်နဲ့ တခြား သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားပါတယ်။ ဒီကားကတော့ ကျွန်တော် တစ်ခါမှ သရုပ်ဆောင်မဆောင်ဘူးတဲ့ မုဒ်နဲ့ ကာရိုက်တာ တစ်ခုထဲမှာ ပါပါတယ်။ ဒီအချက်လေးကို သဘောကျလို့ လက်ခံဖြစ်ခဲ့တာပါ။ နှင်းသောက်တဲ့‌နွေ ဝတ္ထုကို နာမည်လေး ပေးထားတာပါ။ ခေတ်မြို့ပြမှာဖြစ်ပျက်နေတဲ့ အကြောင်းအရာကို စိတ်ကူးယဉ်ဆန်ဆန်လေးနဲ့ ကျန်းမာရေးရှုထောင့်ရော တခြားဗဟုသုတရစရာတွေ ဒီကားမှာပါပါတယ်” လို့ သရုပ်ဆောင် တိုင်ရွန်က ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း ထက်မြတ်နိုင်ဇင်၊ D.O.P အကယ်ဒမီ ဖြိုးကျော်၊ လက်ထောက်ဒါရိုက်တာ ဉာဏ်လင်းထွန်းနဲ့ ဇွဲလင်းပြည့်၊ ဒါရိုက်တာ မယ်မင်းဘုံက နိုဝင်ဘာလအတွင်းမှာ ရိုက်ကူးပုံဖော်သွားမှာလည်း ဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ တိုင်ရွန်၊ ဟိန်းသီဟ၊ ရွှေသမီး၊ အကယ်ဒမီ မျိုးသန္တာထွန်း၊ အကယ်ဒမီ ဝါဝါအောင်၊ အထူးဧည့်သည်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မြတ်ကေသီအောင်၊ ဇော်ဝင်းမောင်၊ ဦးဝင်းမြိုင်၊ သားညီ၊ မင်းသူ၊ လှိုင်ဘွား၊ အိမ့်ကြာဖြူ၊ စိန်ပဲကြော်အဖွဲ့နဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

#တိုင်ရွန် #ဟိန်းသီဟ #ရွှေသမီး #အကယ်ဒမီမျိုးသန္တာထွန်း #အကယ်ဒမီဝါဝါအောင် #Tyron #HeinThiha #ShweThaMee #MyoThandarTun #WahWahAung #စေရုပ်ရှင်ဇာတ်ကားကြီး #မိုးကောင်းကင်ရုပ်ရှင်ထုတ်လုပ်ရေး #MTEntertainment

မူရင်းသတင်း — Myanmar Transparency News