သနပ်ပင် နိုဝင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် သနပ်ပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အယ်လ်နီညိုအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၃ ရက်က ကလိုင်ကျေးရွာ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ သနပ်ပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းက အယ်လ်နီညိုကျရောက်လာနိုင်သည့် အခြေအနေများ၊ အယ်လ်နီညိုကျရောက်ပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများ၊ အယ်လ်နီညိုကြောင့် သောက်သုံးရေပြတ်လပ်မှု ဖြစ်ပေါ်ပါက ဌာနမှ ဆောင်ရွက်ပေးမည့်အခြေအနေများ၊ အယ်လ်နီညို သက်ရောက်မှုများကို ကြိုတင်ကာကွယ်နိုင်ရန်အချက်များ၊ အယ်လ်နီညိုဖြစ်ပွားချိန်တွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် သနပ်ပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက အယ်လ်နီညိုအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးသည်။
အဆိုပါဟောပြောပွဲသို့ သနပ်ပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးနှင့် ဝန်ထမ်းများ၊ ကလိုင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နွဲ့ယဉ်(ကျေးလက်)