Myanmar Digital News

နေပြည်တော်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ငြိမ်းချမ်းသာယာရေးအထူးဆုတောင်းပွဲ ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၃

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ငြိမ်းချမ်းသာယာရေး အထူးဆုတောင်းပွဲ (၂၀၂၆) ကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ Jasmine Hotel ၌ ကျင်းပသည်။

 

ဆုတောင်းပွဲတွင် မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံခရစ်ယာန် အသင်းတော် အဖွဲ့ချုပ်ကြီးများမှ ဆရာတော်များ၊ ဂိုဏ်းပေါင်းစုံမှ ခရစ်ယာန်ဘာသာဝင်များ၊ တိုင်းရင်းသားလူငယ်များ ၇၀၀ ခန့်က ဓမ္မသီချင်းများ စုပေါင်းသီဆို ခြင်း၊ ဂုဏ်တော်ချီးမွမ်းခြင်းတို့ ဆောင်ရွက်ကြသည်။

 

ထို့ပြင် ဆုတောင်းပွဲတွင် မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘို၊ အောက်မြန်မာပြည် မက်သဒစ်အသင်းတော် ဂိုဏ်းချုပ်ဆရာတော်ကြီး ဒေါက်တာ ဦးမြတ်ဆန်းနှင့် မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီသာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးတို့က အမှာစကားပြောကြားကြပြီး မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ဦးအေးမင်းက အမိမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာရေးအတွက် အထူးဆုတောင်း မေတ္တာပို့သပေးကာ မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဋ္ဌက ကောင်းချီးပေး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News