ရန်ကုန် နိုဝင်ဘာ ၃
IKO MYANMAR (International Karate Organization Myanmar)က ကြီးမှူးကျင်းပသော IKO Myanmar Kata & Kumite Championships Yangon 2026 ပြိုင်ပွဲကြီးကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ လှိုင်မြို့နယ် MICT Park, Hlaing University Campus ၌ ကျင်းပသည်။
ဦးစွာ IKO MYANMAR မှ တာဝန်ခံ ဦးမင်းလွင်က အမှာစကားပြောကြားသည်။
ထို့နောက် သက်ငယ်တန်း၊ အသက် ၁၈ နှစ်အထက်ကစားရသည့် သက်ကြီးတန်းဟူ၍ ယှဉ်ပြိုင်ခဲ့ပြီး အတန်း ၁၆ တန်း ပါဝင်ကာ ရန်ကုန် မြို့မှ အသင်း ၁၂ သင်း၊ အမျိုးသား အမျိုးသမီး ကုမိတဲ့ပြိုင်ပွဲတွင် ကစားသမား ၁၇၀၊ ခတ ပြိုင်ပွဲတွင် ၁၄၀ စုစုပေါင်း ၃၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် သက်ငယ်တန်း၊ အသက် ၁၈ နှစ်အထက်တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော အားကစားသမားများအား International Karate Organization Myanmar(IKO) မှ တာဝန်ရှိသူများက ဆုတံဆိပ်များ ချီးမြှင့်ကြသည်။
IKO MYANMAR မှ အားကစားသမားများသည် ဂျပန်နိုင်ငံတွင် ၂၀၂၇ ခုနှစ် မေလတွင် ကျင်းပမည့် နိုင်ငံတကာ ကရာတေးပြိုင်ပွဲသို့ အသက် ၁၈ နှစ်အောက် ကီလိုတန်းလိုက် အမျိုးသားငါးဦး၊ အမျိုးသမီးနှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဗလ