Myanmar Digital News

ONE Friday Fights 178 & The Inner Circle 38 ပြိုင်ပွဲတွင် ကျော်စွာဝင်းနှင့် ဆာမီဒမ်တို့၏ မကျေပွဲ ပြန်လည်ပါ၀င်မည်

ရန်ကုန်     နိုဝင်ဘာ     ၃

နိုဝင်ဘာ ၁၃ ရက်  ထိုင်းနိုင်ငံ၌ ကျင်းပမည့် ONE Friday Fights 178 & The Inner Circle 38 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ကျော်စွာဝင်း၏ တွဲဆိုင်းပါဝင်လာမည်ဖြစ်ပြီး ထိုင်းဖိုက်တာ  ဆာမီဒမ်နှင့်  မကျေပွဲ ပြန်လည်ထိုးသတ်ရမည်ဖြစ်သည်။

ကျော်စွာဝင်းသည် သြဂုတ်တွင် ပွဲထိုးသတ်ရပြီးနောက် သုံးလနီးပါးအကြာမှ ပွဲထိုးသတ်ခွင့် ပြန်ရခြင်းဖြစ်ပြီး  ဆာမီဒမ်ကို   ရှုံးကြွေးပြန်ဆပ်ရမည့်ပွဲလည်းဖြစ်သည်။ ကျော်စွာဝင်းသည်  ယခုနှစ် မတ် ၂၀ ရက်တွင် ဆာမီဒမ်နှင့် ပထမအကြိမ်တွေ့ဆုံရာ  အမှတ်ဖြင့်  အရေးနိမ့်ခဲ့သည်။  ကျော်စွာဝင်းသည်  ယင်းပွဲတွင် လက်ရည်သာသော်လည်း အမှတ်ဖြင့် အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ကျော်စွာဝင်း သည် ONE နှင့် လေးပွဲထိုးသတ်ရာမှာ နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးထားပြီး  ယခုပွဲတွင်   နိုင်ပွဲပြန်ရရန် လိုအပ်နေသည်။  ဆာမီဒမ်သည် မြန်မာဖိုက်တာများနှင့် တွေ့ဆုံဖူးသူဖြစ်သောကြောင့် ကျော်စွာဝင်းအနေဖြင့်   ပိုမို ပြင်ဆင်ထားရန် လိုအပ်နေသည်။  ဆာမီဒမ်သည် ONE နှင့် ၁၃ ပွဲထိုးသတ်ရာတွင် ၁၀ ပွဲနိုင် သုံးပွဲ ရှုံးနိမ့်ထားသူဖြစ်ပြီး နောက်ဆုံးခြောက်ပွဲဆက် အနိုင်ရထားသူဖြစ်သည်။ ဆာမီဒမ်သည်  မြန်မာကစားသမားအများအပြားနှင့် ထိုးသတ်ဖူးသူဖြစ်ပြီး ကျော်စွာဝင်း၊ ဆွန်ရက်၊ မိုးထက်အောင်တို့ သုံးဦး စလုံးကို အနိုင်ထိုးသတ်ခဲ့သူဖြစ်သည်။

သတင်း - ရှိုင်းထက်ဇော်၊ ဓာတ်ပုံ - onefc

မူရင်းသတင်း — Myanmar Digital News