Xinhua Myanmar

ဒါကာလူငယ်အိုလံပစ်ပြိုင်ပွဲတွင် တရုတ်အားကစားမယ် ချိန်ယွဲ့ ဂျူဒိုကြေးတံဆိပ်ဆု ဆွတ်ခူး

ဆီနီဂေါနိုင်ငံ ဒါကာမြို့တွင်ကျင်းပသည့် လူငယ်အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၌ အိုလံပစ်စက်ဝိုင်း အမှတ်တံဆိပ်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

ဆီနီဂေါနိုင်ငံ  ဒီယာမန်နီယာဒီယိုမြို့တွင် နိုဝင်ဘာ ၃ ရက်က ကျင်းပသည့် ၂၀၂၆ ဒါကာ လူငယ်အိုလံပစ်ပြိုင်ပွဲ၌ တရုတ်ဂျူဒိုအားကစားမယ် ချိန်ယွဲ့ သည် အမျိုးသမီး ၇၈ ကီလိုဂရမ်တန်းတွင် ကြေးတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။ ကြေးတံဆိပ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရမည့် ကျူးဘားအားကစားမယ် Kayla Pita Zorrilla မှာ ဒဏ်ရာကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ခြင်းကြောင့် ယခုလိုအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ချိန် သည် ပထမအဆင့်ပွဲစဉ်တွင် ကွန်ဂိုသမ္မတနိုင်ငံမှ Tatiana Exauce Itoua ကို ရှုံးနိမ့်ခဲ့ပြီးနောက် ပြန်လည်ယှဉ်ပြိုင်ခွင့်ရသည့်အဆင့်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထို့နောက် မက္ကဆီကိုအားကစားမယ် Ariadna Yarey Chavez Medina နှင့် Itoua တို့ကို ဒုတိယအကြိမ် ပြန်လည်ယှဉ်ပြိုင်ရာတွင် အနိုင်ရရှိခဲ့ပြီး ပြန်လည်ယှဉ်ပြိုင်မှုအုပ်စုတွင် ပထမရရှိကာ ကြေးတံဆိပ်ပြိုင်ပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဆီမီးဖိုင်နယ်တွင် ဒဏ်ရာရရှိခဲ့သည့် Zorrilla မှာ ကြေးတံဆိပ်လုပွဲသို့ တက်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့သောကြောင့် Cheng က ကြေးတံဆိပ်ဆုကို ရရှိသွားခဲ့ခြင်းဖြစ်သည်။

"ဒါဟာ ကျွန်မအတွက် ပြည်ပနိုင်ငံမှာ ပထမဆုံးအကြိမ် သွားရောက်ယှဉ်ပြိုင်တာပါ၊ ပထမပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ကျွန်မစိတ်ဓာတ်ကို အမြန်ပြန်လည်ထိန်းညှိခဲ့ပါတယ်၊ နည်းပြရဲ့လမ်းညွှန်မှုနဲ့အတူ နည်းဗျူဟာပြောင်းလဲခဲ့ပြီး နောက်ထပ် နှစ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့တာပါ" ဟု ချိန် က ပြောကြားခဲ့သည်။

ဗိုလ်လုပွဲတွင်မူ ဘရာဇီးအားကစားမယ် Clarisse Vallim က  ရုရှားမှ Anastasiia Dobrovolskaia  ကို အနိုင်ရရှိကာ ရွှေတံဆိပ် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

…………….

(English Version)

China's Cheng takes judo bronze at Dakar Youth Olympics

DAKAR, Nov. 3 (Xinhua) -- Chinese judoka Cheng Yue claimed bronze in the women's 78kg category at the Dakar 2026 Youth Olympic Games in Diamniadio, Senegal, on Tuesday, after her Cuban opponent Kayla Pita Zorrilla withdrew from the bronze-medal contest due to injury.

Cheng entered the repechage after losing her opening bout to Tatiana Exauce Itoua of the Republic of the Congo. She then defeated Mexico's Ariadna Yarey Chavez Medina and Itoua in their second encounter to win her repechage bracket and qualify for the bronze-medal contest.

Zorrilla, who had been injured in the semifinals, did not take to the mat for the bronze-medal bout, handing Cheng the medal.

"It was my first time competing abroad," Cheng said. "After losing the first match, I quickly adjusted my mindset and, under my coach's guidance, changed my tactics and won the next two matches."

Brazil's Clarisse Vallim took gold after defeating Russia's Anastasiia Dobrovolskaia in the final.

Photo caption: Photo shows the Olympic rings during the opening ceremony of the 2026 Youth Olympic Games in Dakar, Senegal, Oct. 31, 2026. (Xinhua/Chen Wei)

မူရင်းသတင်း — Xinhua Myanmar