Xinhua Myanmar

ပြိုင်ဘက်ဂိုးသမားနှင့် အပြင်းအထန် တိုက်မိပြီးနောက် အသက် ၃၀ နှစ်အရွယ် တီနီရိုက်ဖ်တိုက်စစ်မှူး ဂျေးဆူး ဒယ်မီဂေးလ် ကွယ်လွန်

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက်က အက်သလက်တီကို မက်ဒရစ်အသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ တီနီရိုက်ဖ်အသင်း ကစားသမား ဂျေးဆူး ဒယ်မီဂေးလ်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အက်သလက်တီကိုမက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ် ကစားသမားများ တစ်မိနစ်ငြိမ်သက်နေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

စပိန်ဒုတိယတန်းလိဂ် ဘောလုံးပွဲစဉ်အတွင်း အသက် ၃၀ နှစ်အရွယ် တီနီရိုက်ဖ်အသင်း တိုက်စစ်မှူး ဂျေးဆူး ဒယ်မီဂေးလ်မှာ ပြိုင်ဘက်အသင်းဂိုးသမားနှင့် အပြင်းအထန်တိုက်မိကာ စိုးရိမ်ဖွယ်ဒဏ်ရာရရှိခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း အသင်းဘက်က နိုဝင်ဘာ ၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

နိုဝင်ဘာ ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါပွဲစဉ်၌ ထပ်ဆောင်းအချိန်ပို ၆ မိနစ်တွင် ပင်နယ်တီဧရိယာအပြင်ဘက်သို့ လျှံထွက်လာသည့် ဘောလုံးကို မီဂေးလ်နှင့် အန်ဒိုရာအသင်းဂိုးသမား ဂျေးဆူး အိုဝိုနိုတို့ အကြိတ်အနယ်ယှဉ်လုရာမှ ပြင်းထန်စွာတိုက်မိခဲ့ခြင်းဖြစ်သည်။

ထိုသို့တိုက်မိခဲ့ခြင်းကြောင့် တိုက်စစ်မှူး မီဂေးလ်မှာ သတိလစ်သွားခဲ့ရာ နှစ်ဖက်အသင်း ကစားသမားများက အရေးပေါ် ဆေးဘက်ဆိုင်ရာအကူအညီ တောင်းခံခဲ့ရသည်။ ကွင်းအတွင်း ကနဦးကုသမှုပေးခဲ့ပြီးနောက် ၎င်းအား လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး အဆိုပါပွဲစဉ်ကိုလည်း ရပ်ဆိုင်းခဲ့ရသည်။

"ကျွန်တော်တို့ နာကျင်မှုနဲ့အတူ အလွန်ကြေကွဲဝမ်းနည်းရပြီး အခုလိုမျိုး အမှန်တကယ် ဖြစ်ပျက်ခဲ့တယ်ဆိုတာကို မယုံနိုင်ခဲ့ပါဘူး" ဟု နိုဝင်ဘာ ၃ ရက် နံနက် ၈ နာရီတွင် တိုက်စစ်မှူးမီဂေးလ် ကွယ်လွန်ကြောင်း သတင်းထုတ်ပြန်ရာ၌ တီနီရိုက်ဖ်အသင်းက ပြောကြားခဲ့သည်။

"ဒီလို အလွန်အမင်း ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ ခံစားချက်ကို လျော့ပါးသက်သာစေနိုင်တဲ့အရာ လုံးဝမရှိနိုင်သလို နှစ်သိမ့်ပေးနိုင်မယ့် စကားလုံးတွေလည်း မရှိပါဘူး။ ဒီလိုရက်စက်ဆိုးရွားလှတဲ့ အဆုံးသတ်ကြောင့် ကြေကွဲဝမ်းနည်းနေကြရတဲ့ မီဂေးလ်ရဲ့ မိသားစုဝင်တွေ၊ ချစ်သူခင်သူတွေ၊ တီနီရိုက်ဖ်အသင်းသားတွေ အားလုံးနဲ့အတူ ထပ်တူထပ်မျှ စာနာဝမ်းနည်းမိပါတယ်" ဟု ကလပ်အသင်း၏ ကြေညာချက်၌ ဖော်ပြထားသည်။

မီဂေးလ်အား ဆေးရုံသို့ပို့ဆောင်စဉ် လမ်းခုလတ်၌ နှလုံးရပ်သွားခဲ့သဖြင့် အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းများက သတိပြန်ရအောင် လုပ်ဆောင်ပေးခဲ့ရသည်ဟု သတင်းမီဒီယာများ၏ ဖော်ပြချက်အရသိရသည်။

ထို့နောက် ၎င်းအား တီနီရိုက်ဖ်မြို့ရှိ Hospital Universitario Nuestra Senora de Candelaria ဆေးရုံ အထူးကြပ်မတ်ကုသဆောင်သို့ ပို့ဆောင်ခဲ့ရသည်။

နိုဝင်ဘာ ၃ ရက် နံနက် ၅ နာရီခန့်တွင် မီဂေးလ်၏ အာရုံကြောဆိုင်ရာ အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ကြောင်း အသင်းဘက်က သတင်းထုတ်ပြန်ခဲ့ပြီး ယင်းနောက် သုံးနာရီခန့်အကြာတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

..................................

(English Version)

Tenerife striker Jesus de Miguel dies at 30 after collision with goalkeeper

MADRID, Nov. 3 (Xinhua) -- Tenerife striker Jesus de Miguel has died at the age of 30 after suffering a serious injury in a collision with a goalkeeper during a Spanish second-division match, his club announced Tuesday.

De Miguel collided with Andorra goalkeeper Jesus Owono in the sixth minute of stoppage time during Monday's match as the two players chased a loose ball outside the penalty area.

The striker was knocked unconscious, prompting players from both teams to urgently call for medical assistance. After receiving treatment on the pitch, he was taken by ambulance to a hospital, and the match was abandoned.

"We are broken with pain, with a knot in our throats, and unable to believe that it is true," Tenerife said in a statement announcing De Miguel's death at 8 a.m. Tuesday.

"There are no words of consolation; there is nothing that can mitigate this total feeling of sadness. Our thoughts are with his family, his loved ones, and everyone in Tenerife who today is crying for this cruel end," the club added.

According to media reports, De Miguel suffered cardiac arrest while being transported to the hospital but was resuscitated by emergency personnel.

He was subsequently admitted to the intensive care unit at Hospital Universitario Nuestra Senora de Candelaria in Tenerife.

The club reported at around 5 a.m. Tuesday that De Miguel's neurological condition had deteriorated. He died approximately three hours later.

Photo caption: Players of Atletico Madrid and Bayern Munich observe a minute of silence for CD Tenerife player Jesus de Miguel before the UEFA Champions League match between Atletico Madrid and Bayern Munich in Madrid, Spain, on Nov. 3, 2026. (Xinhua/Meng Dingbo)

မူရင်းသတင်း — Xinhua Myanmar