
ဘာလင်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)
တရုတ်ကစားသမားများဖြစ်ကြသည့် ဝမ်ချူချင်၊ ကျိုးချီဟောင်နှင့် ချန်ရှင့်ထုန်တို့သည် နိုဝင်ဘာ ၃ ရက်က ကျင်းပသော WTT Champions Frankfurt စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ရှုံးထွက် ၁၆ ဦးအဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့အဆင့် ၄ နေရာတွင် ရပ်တည်နေသည့် ဝမ်ချူချင်းသည် တစ်လကျော်အတွင်း ပထမဆုံးအကြိမ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ဒိန်းမတ်ကစားသမား အန်ဒါစ် လင်းဒ် ကို သုံးပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ဒုတိယပွဲတွင် ပြိုင်ဘက်၏ အပြင်းအထန် တုံ့ပြန်ယှဉ်ပြိုင်မှုကို ကျော်လွှားနိုင်ခဲ့ပြီး ၁၁-၇၊ ၁၄-၁၂၊ ၁၁-၉ ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။
“ပြိုင်ပွဲတွေမှာ ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပြီဖြစ်တဲ့အတွက် ပွဲစဉ်တိုင်းမှာ အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ပြီး ဒီပြိုင်ပွဲမှာ နောက်ထပ်ပွဲအနည်းငယ် ထပ်မံယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ဝမ်က ပြောကြားခဲ့သည်။
ကမ္ဘာ့အဆင့် ၁၂ နေရာတွင် ရပ်တည်နေသည့် တရုတ်ကစားသမား ကျိုးချီဟောင်သည်လည်း ပြင်သစ်ကစားသမား သီဘို ပိုရေး ကို ၁၁-၅၊ ၁၁-၅၊ ၁၂-၁၀ ရလဒ်ဖြင့် အနိုင်ယူကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
အမျိုးသားပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၁ နေရာမှ ဂျပန်ကစားသမား ဆိုရာ မတ်ဆူရှီးမားက ပေါ်တူဂီကစားသမား ဂျိုအာအို ဂျဲရယ်လ်ဒိုကို ၃ ပွဲပြတ်ဖြင့် အလွယ်တကူ အနိုင်ရရှိခဲ့ပြီး ဒုတိယဦးစားပေးအဆင့် သတ်မှတ်ခံရသူ တိုမိုကာဇု ဟာရီမိုတိုကလည်း ရုရှားကစားသမား ဗလာဒီမာ ဆီဒိုရန်ကိုအား ရှုံးပွဲမရှိ အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုခဲ့သည်။
အိမ်ရှင်ပရိသတ်များ၏ အားပေးမှုကို ရရှိထားသည့် ချိုးတန် သည် ဆွီဒင်ကစားသမား အီလီယက်စ် ရာနီဖာလ်နှင့် ယှဉ်ပြိုင်ရာတွင် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရသော်လည်း ပွဲအခြေအနေ ၂-၁ ဖြင့် အရှုံးဘက်သို့ ရောက်ရှိနေရာမှ ပြန်လည်အနိုင်ယူနိုင်ခဲ့သည်။ နောက်ဆုံးနှစ်ပွဲကို ၁၁-၂၊ ၁၁-၇ ဖြင့် အနိုင်ရရှိကာ ငါးပွဲကစားပြီးနောက် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့အဆင့် ၆ နေရာမှ တရုတ်ထိုင်ပေကစားသမား လျင်ယွင်ရူသည်လည်း အဆင့် ၁၃ နေရာမှ ဆလိုဗေးနီးယားကစားသမား ဒါကို ယော်ဂစ်အား အနိုင်ရရှိရန် ငါးပွဲအထိ ယှဉ်ပြိုင်ခဲ့ရသည်။ လျင်ယွင်ရူသည် ပွဲအခြေအနေ ၂-၁ ဖြင့် အရှုံးဘက်သို့ ရောက်ရှိနေရာမှ နောက်ဆုံးနှစ်ပွဲကို ၁၁-၃၊ ၁၁-၈ ဖြင့် အနိုင်ရရှိကာ အနိုင်ရလဒ်ကို ရယူနိုင်ခဲ့သည်။
အမျိုးသမီးပြိုင်ပွဲတွင် ချန်ရှင့်ထုန်သည် တစ်နေ့တာအတွင်း အထင်ရှားဆုံး အနိုင်ရလဒ်များထဲမှ တစ်ခုကို ရယူနိုင်ခဲ့ပြီး တောင်ကိုရီးယားကစားသမား ကင်နာယောင်း ကို ၁၁-၁၊ ၁၁-၆၊ ၁၁-၇ ရလဒ်ဖြင့် သုံးပွဲပြတ် အနိုင်ရရှိခဲ့သည်။
ကမ္ဘာ့အဆင့် ၃ နေရာမှ ဂျပန်ကစားသမား မီဝါ ဟာရီမိုတိုက အဆင့် ၅၀ နေရာမှ သြစတြီးယားကစားသမား ဆိုဖီယာ ပေါ်လ်ကာနိုဗာနှင့် ယှဉ်ပြိုင်ရာတွင် ပိုမိုခက်ခဲသော စိန်ခေါ်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ဟာရီမိုတိုသည် ပထမပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ပြန်လည်အနိုင်ယူကာ နောက်ဆုံးအဆုံးအဖြတ်ပွဲတွင် ၁၁-၇ ဖြင့် အနိုင်ရရှိခဲ့ပြီး စုစုပေါင်း ၃-၂ ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။
ကမ္ဘာ့အဆင့် ၂၃ နေရာမှ အီဂျစ်ကစားသမား ဟာနာ ဂိုဒါ သည်လည်း ငါးပွဲကစားပြီးနောက် အနိုင်ရရှိခဲ့သည်။ ပြင်သစ်ကစားသမား ယွမ်ကျားနန် နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးအဆုံးအဖြတ်ပွဲတွင် ၁၁-၇ ဖြင့် အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ (Xinhua)

------------------------------------------
(English Version)
China's Wang, Chen make winning starts at WTT Champions Frankfurt
BERLIN, Nov. 3 (Xinhua) -- China's Wang Chuqin, Zhou Qihao and Chen Xingtong advanced to the round of 16 at WTT Champions Frankfurt on Tuesday.
Playing his first match in over a month, world No. 4 Wang defeated Denmark's Anders Lind in straight games, overcoming resistance in the second game to seal an 11-7, 14-12, 11-9 victory.
"Since I've made a return to the competition field, I will go all out in every match, and hopefully I can play a few more here," said Wang.
Compatriot Zhou, ranked 12th, also progressed with a commanding performance, dispatching France's Thibault Poret 11-5, 11-5, 12-10.
Men's world No. 1 Sora Matsushima of Japan eased past Portugal's Joao Geraldo 3-0, while second seed Tomokazu Harimoto also progressed without dropping a game against Russia's Vladimir Sidorenko.
Home favorite Qiu Dang survived a tough encounter against Sweden's Elias Ranefur, recovering from a 2-1 deficit to prevail in five games after taking the final two 11-2, 11-7.
World No. 6 Lin Yun-ju of Chinese Taipei also needed five games to overcome 13th-ranked Darko Jorgic of Slovenia. Lin recovered from a 2-1 deficit to win the final two games 11-3, 11-8 and seal victory.
In the women's competition, Chen produced one of the day's most convincing performances, sweeping South Korea's Kim Na-yeong 11-1, 11-6, 11-7.
Japan's world No. 3 Miwa Harimoto faced a tougher challenge against Austria's 50th-ranked Sofia Polcanova. Harimoto recovered from losing the opening game to claim a 3-2 victory, taking the decider 11-7.
Egypt's Hana Goda, ranked 23rd, also prevailed in five games, edging France's Yuan Jianan after winning the decider 11-7. ■
Photo Caption 1 :Wang Chuqin of China serves during the men's singles round of 32 match against Kao Cheng-Jui of Chinese Taipei at the WTT Champions Frankfurt 2023 in Frankfurt, Germany, Oct. 29, 2023. (Xinhua/Zhang Fan)
Photo Caption 2 :Kao Cheng-Jui of Chinese Taipei serves during the men's singles round of 32 match against Wang Chuqin of China at the WTT Champions Frankfurt 2023 in Frankfurt, Germany, Oct. 29, 2023. (Xinhua/Zhang Fan)