
BOT စီမံကိန်းများ၏စာချုပ်များကို ပြန်လည်စိစစ်ပြီး စည်းကမ်းဖောက်ဖျက်သည့် ကုမ္ပဏီများကို အရေးယူသင့်ဟုဆို
ပုလဲ (NP News) - နိုဝင်ဘာလ ၄
BOT(Build-Operate-Transfer) စနစ်ဖြင့်အကောင်အထည်ဖော်သည့်စီမံကိန်းများတွင် ကွန်ဒိုတိုက်ခန်းများ ဆောက်လုပ်ရောင်းချခွင့်နှင့်ပတ် သက်၍ စာချုပ်ပါအချက်များကို ပြန်လည်စိစစ်ရန်လို အပ်နေပြီး စည်းကမ်းဖောက်ဖျက်မှုများရှိပါက တာ ဝန်ရှိသူများကို ဥပဒေအရအရေးယူသင့်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက NP News မှတစ်ဆင့် သုံးသပ်ပြောကြားသည်။
BOT စီမံကိန်းအချို့တွင် မူလစာချုပ်ချုပ် ဆိုစဉ်က ကွန်ဒိုတိုက်ခန်းများ ဆောက်လုပ်ရောင်းချ ရန်ခွင့်ပြုထားခြင်းမရှိဘဲ အငှားလုပ်ငန်းနှင့်ဝန်ဆောင်မှု တိုက်ခန်းလုပ်ငန်းများအဖြစ်သာတင်ပြထားကြောင်း၊ သို့သော် ကွန်ဒိုတိုက်ခန်းများ ဆောက်လုပ်ရောင်းချ သည့်ပုံစံမျိုးဖြင့်လုပ်ကိုင်လာကြသည့်အတွက် စာ ချုပ်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ၊ မရှိ စစ် ဆေးရန်လိုအပ်ကြောင်း ၎င်းကဆိုသည်။
" စာချုပ်စချုပ်တည်းက လုပ်ငန်းရည်ရွယ် ချက်မှာ ကွန်ဒိုဆောက်ရောင်းပါ့မယ်လို့မပါဘူး။ ရေး လို့လည်းမရဘူး။ ဘာလို့လဲဆိုတော့ အစိုးရကခွင့်မပြု ဘူး။ အဲဒီအချိန်မှာ သူတို့သည် အခြားလုပ်ငန်းတွေ ပြတာ။ Rental တွေပြတယ်။ service apartment တွေပြတယ်။ အဲဒီလိုပုံစံမျိုးတွေနဲ့သွားတာ တကယ့် တကယ်က။ အဲဒီတော့ စာချုပ်တွေက စိစစ်ဖို့လို နေပြီ"ဟု အထက်ပါလုပ်ငန်းရှင်က NP News သို့ပြောသည်။
ထို့အတူBOT စီမံကိန်းအချို့သည် မြေ ငှားရမ်းခနှင့် အခြားပေးသွင်းရမည့်ငွေကြေးများကို အပြည့်အဝပေးသွင်းထားခြင်းမရှိဘဲ နှစ်(၂၀) သို့မ ဟုတ် နှစ်(၃၀)စာသာပေးသွင်းထားသည့် အခြေအ နေများရှိနိုင်ကြောင်းလည်း ၎င်းကပြောသည်။
" ငှားတဲ့အချိန်မှာ သူတို့ premium ဈေး တွေ ငှားရမ်းခသွင်းတာရှိတယ်ပေါ့နော်။ တချို့ project တွေမှာ နှစ် (၂၀)စာသွင်းထားတယ်။ တချို့ project တွေမှာ နှစ် (၃၀)စာသွင်းထားတယ်။ တ ကယ်က သူတို့သည် နှစ် (၇၀)စာပေါ့နော် သွင်းရမှာ။ မသွင်းထားတဲ့အခါကျတော့ ဒီကုမ္ပဏီတွေ ပျောက် ပျက်သွားခဲ့သည်ရှိသော် ကုမ္ပဏီဆိုတာ အမြဲရှိမှာမ ဟုတ်ဘူး။ ဒေဝါလီခံသွားတာတို့ ဘာတို့လည်းရှိမှာ ပဲ။ စီးပွားရေးကြောင့်မို့လို့ နိုင်ငံခြားကုမ္ပဏီတွေက ပြန်ထွက်သွားခဲ့သည်ရှိသော် investment ကနေ ဆိုတဲ့အပိုင်းတွေပါရှိတဲ့အတွက် ဒါတွေက နဂိုတည်း က မခိုင်တဲ့ဟာတွေဖြစ်နေတယ်"ဟုပြောသည်။
ထို့ကြောင့် BOT စီမံကိန်းကို ကွန်ဒိုတိုက် ခန်းများဆောက်လုပ်ရောင်းချထားပြီးနောက် လုပ် ငန်းရပ်ဆိုင်းခြင်း သို့မဟုတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များ ပြန်လည်ထွက်ခွာခြင်းတို့ ဖြစ်ပေါ်လာပါက ဝယ် ယူသူများနစ်နာနိုင်ကြောင်းလည်း ၎င်းကပြောသည်။ "အဲဒီလိုမခိုင်တဲ့ဟာတွေကို ဝယ်ထားတဲ့လူတွေက တော့ အမှန်တော့ အစောကြီးကတည်းကလည်း အကြိမ်ကြိမ်ပေါ့နော်။ မီဒီယာတွေမှာလည်း ပြောနေ တာပဲ။ ဒါပေမဲ့ ကျွန်တော်တို့လူမျိုးက ဘာမှမဖြစ်ရင် ဘာမှမယုံဘူးဆိုတဲ့ပုံစံမျိုးရှိတယ်။ အဲဒါလည်း နည်း နည်းတော့သတိထားရမယ့်အထဲမှာပါတာပေါ့နော်"ဟု ပြောသည်။
လက်ရှိတွင် ထိုကဲ့သို့စီမံကိန်းအချို့နှင့် ပတ်သက်၍ ပြဿနာများမပေါ်ပေါက်သေးသော် လည်း နောင်တွင် အငြင်းပွားမှုများဖြစ်လာနိုင်သည့် အတွက် အစိုးရအနေဖြင့် စာချုပ်များကို ကြိုတင်ပြန် လည်စိစစ်သင့်ကြောင်း အကြံပြုထားသည်။
" နောက်ထပ် လူတွေ ထပ်မဝယ်ဖို့ကို အစိုးရက စဉ်းစားရမှာ။ ကျန်တာကတော့ ဝယ်တဲ့လူ တွေနစ်နာမှာစိုးလို့ ဥပဒေကိုပြင်ပြီးတော့ ဒီမြေတွေ ကို ပြည်သူကိုပေးလိုက်တာမျိုး။ စာချုပ်ကြီးကို ဖျက် ပြီးတော့ လုပ်တာမျိုးဆိုရင်လည်း ဒါ မကောင်းဘူး။ တစ်ကြိမ်ကြုံခဲ့ရင် နောက်တစ်ကြိမ်ကျရင် အဲဒီနည်း အတိုင်းဆက်သွားကြမှာ။ ဆိုတော့ ဥပဒေကတော့ ဥပဒေအတိုင်းပဲ အရေးယူသင့်တဲ့လူတွေကိုအရေးယူ"ဟုပြောသည်။
ထို့ကြောင့် စာချုပ်ဖောက်ဖျက်သည့်ကုမ္ပ ဏီများနှင့်တာဝန်ရှိသူများကို ဥပဒေအတိုင်းအရေးယူ ရန်နှင့် နောက်ထပ်ဝယ်ယူသူများ နစ်နာမှုမဖြစ်စေရန် စိစစ်ဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းကပြောကြား သည်။
" နစ်နာသင့်တဲ့လူကလည်း နစ်နာသွား မှာပဲ။ တစ်ကြိမ်တစ်ခါနဲ့ပဲ ဖြတ်ပစ်ရမှာပဲပေါ့နော်။ အများနစ်နာမှာစိုးလို့ဆိုပြီး လုပ်လို့ရှိရင် သိသိကြီးနဲ့ ဝယ်တဲ့လူတွေက ထီပေါက်တဲ့ပုံစံဖြစ်သွားမှာပဲ။ အဲဒီ အခါကျမှ နောက်တစ်ခါ BOT လာလည်း ရှေ့မှာ တောင် ဒီလိုပဲလုပ်ခဲ့တာပဲ။ နောက်လည်း ဒီလိုပဲလာ မှာပဲဆိုတဲ့ အကျင့်ဖြစ်သွားမှာပဲ။ နောက်ဆုံး နိုင်ငံ တော်က လက်ထဲမှာ ဘာမှကျန်မှာမဟုတ်ဘူး ဖြစ် သွားမှာ အဲဒီအတိုင်းသွားရင်။ အဲဒီတော့ ဖောက်တဲ့ ကုမ္ပဏီတွေကိုလည်း ပြတ်ပြတ်သားသားအရေးယူ။ ဘယ်သူပဲပါပါ" ဟု ၎င်းကပြောသည်။