
GAC Aion က ၎င်းတို့၏ နောက်ဆုံးပေါ် မော်ဒယ် Ray 7 ကို နိုဝင်ဘာ ၁၂ ရက်တွင် တရားဝင် စတင်မိတ်ဆက်မည်ဖြစ်ကြောင်း ကြေညာသည်။
အောက်တိုဘာလ ၁၇ ရက်တွင် Pre-sale စတင်ရောင်းချခဲ့ပြီး ရွေးချယ်စရာ trim ၅ မျိုး လာသည်။
Pre sale ဈေးတန်းမှာ ယွမ် ၁၂၈,၈၀၀ (ဒေါ်လာ ၁၉,၂၀၀) မှ ယွမ် ၁၅၈,၈၀၀ (ဒေါ်လာ ၂၃,၇00) ကြား ဖြစ်သည်။
GAC Aion သည် ရောင်းအားအလွန်ကောင်းခဲ့ပြီး ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအတွင်း အစင်းရေ ၄၂,၃၅၇ ရောင်းချခဲ့ရသည်။ ထိုရောင်းအားမှာ ယခင်နှစ် အလားတူကာလထက် ၅၆ ဒသမ ၇၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ ခြင်းဖြစ်ပြီး စက်တင်ဘာလ ရောင်းအားထက်လည်း ၁၉ ဒသမ ၃၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။
((ဒီဇိုင်းပိုင်း))
Ray 7 တွင် design language သစ်ကို သုံးထားပြီး လေခွင်းအားကောင်းသော fastback အမျိုးအစား ဆီဒင်အဖြစ် ထုတ်လုပ်ထားသည်။
ရှေ့မျက်နှာစာမှာ “Quantum Star Ring” ဒီဇိုင်းသုံးထားသည်။
အရွယ်အစားမှာ 4,960/1,900/1,455 mm ရှိပြီး wheelbase မှာ 2,920 mm ဖြစ်ရာ အလျား ၄,၉၉၇ မီလီမီတာ၊ ဘီးဝင်ရိုးအကွာအဝေး ၃,၀၀၀ မီလီမီတာရှိသော SU7 အောက် အနည်းငယ် ပိုမိုကျစ်လျစ်သည်။



(GAC Aion Ray 7 ၏ ရှေ့မျက်နှာစာ၊ ဘေးနှင့် နောက်ဖက်မြင်ကွင်းများ။ ဓာတ်ပုံ CNC)
((အတွင်းပိုင်းနည်းပညာ))
Hardware ပိုင်း= Sensor ၂၇ ခုအထိ အသုံးပြုထားရာ Huawei ၏ 192-line LiDAR နှင့် 4D millimeter-wave ရေဒါ ၃ ခုတို့ အပါအဝင် ဖြစ်သည်။
Software ပိုင်း= WeRide ၏ L4 အဆင့်ရှိ Robotaxi နည်းပညာမှ ဆင်းသက်လာသော ဆော့ဖ်ဝဲစနစ် သုံးထားပြီး မြို့တွင်းလမ်းညွှန်စနစ်၊ အလိုအလျောက် ကားပါကင်ထိုးခြင်းတို့ support ပေးသည်။
အတွင်းခန်း နည်းပညာ= ၁၅ ဒသမ ၆ လက်မ၊ 2.5K floating central touchscreen တစ်ခု၊ digital instrument cluster တို့ ထည့်ပေးထားပြီး chip မှာ Qualcomm Snapdragon 8295P သုံးထားသည်။
ခလုပ်တစ်ချက်နှိပ်ရုံဖြင့် အပြည့်လှဲလျောင်းနိုင်သော "one-key lie-flat" လုပ်ဆောင်ချက်ပါသည့် ထိုင်ခုံများ၊ ကြိုးမဲ့ ဖုန်းအားသွင်းစနစ်နှင့် cup holder ၂ နေရာ ထည့်ပေးထားသည်။
((Powertrain ပိုင်း))
Huawei ၏ DriveONE multi-in-one လျှပ်စစ်မောင်းနှင်မှုစနစ်ကို GAC ၏ အပူချိန်ထိန်းညှိမှု မော်ဂျူးတို့ ပေါင်းစပ်ပေးထားသည့် "Super Electric" powertrain ကို သုံးထားသည်။
• Performance= 180 kW အားရှိသော မော်တာတစ်လုံးဖြင့် မောင်းနှင်ပြီး အမြန်နှုန်း တင်နိုင်စွမ်းမှာ 0-100 km/h ကို ၆ ဒသမ ၈ စက္ကန့်အတွင်း ရနိုင်သည်။
စွမ်းအင်သုံးစွဲနှုန်း အလွန်သက်သာပြီး ၁၀၀ ကီလိုလျှင် ၉ ဒသမ ၇ ကီလိုဝပ်နာရီသာ သုံးစွဲသည်။
အားတစ်ကြိမ်သွင်းထားလျှင် မောင်းနိုင်သည့် Range ရွေးချယ်စရာ ၂ မျိုးလာသည်။
► ၅၃၀ ကီလို (GAC ၏ Inpow LFP ဘက်ထရီဆဲလ်ကို သုံးထားသည်)
► ၇၀၂ ကီလို (CATL ၏ LFP ဘက်ထရီဆဲလ်များကို သုံးထားသည်)
■ Ray 7 နှင့် Xiaomi SU7 နှိုင်းယှဉ်ချက်
► ဈေးနှုန်း= Ray 7 မှာ အနိမ့်ဆုံး ယွမ် ၁၂၈,၈၀၀ မှ စတင်ပြီး SU7 ၏ အနိမ့်ဆုံးဈေးမှာ ယွမ် ၉၀,၀၀၀ ခန့် ပိုမိုမြင့်မားသည်။
► အရွယ်အစား: SU7 က အရွယ်အစားပိုကြီးသည်။ SU7 မှာ အလျား ၄,၉၉၇ မီလီမီတာ၊ wheelbase ၃,၀၀၀ မီလီမီတာရှိပြီး Ray 7 မှာ အလျား ၄,၉၆၀ မီလီမီတာ၊ wheelbase ၂,၉၂၀ မီလီမီတာ ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: GAC Aion’s “half-priced Xiaomi SU7” Ray 7 set for November 12 launch (carnewschina)