
ရှက်ကီး ရာရွှန်း အိုနီးလ် (Shaquille Rashaun O’Neal) သည် အမေရိကန် NBA ဘတ်စ်ကက်ဘော ချန်ပီယံဖြစ်သည်။
ဘတ်စ်ကက်ဘော ကစားသမားအဖြစ် ၁၉ နှစ်တာ ဖြတ်သန်းခဲ့ပြီး NBA ချန်ပီယံဆု ၄ ကြိမ် ဆွတ်ခူးခဲ့သူ ဖြစ်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘတ်စ်ကက်ဘောသမားများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခြင်းခံထားရသည်။
ရှက်ကီး အိုနီးလ်သည် မော်တော်ကား စုဆောင်းမှု ဝါသနာကြီးသူတစ်ဦးဖြစ်ပြီး တခါက မခံချင်စိတ်ကြောင့် Rolls-Royce Phantom ၃ စင်းကို တပြိုင်တည်း ဝယ်ခဲ့ဖူးကြောင်း ၎င်းကိုယ်တိုင် ထုတ်ဖော် ဝန်ခံဖူးသည်။
ရှက်ကီးသည် ကားအရောင်းပြခန်း ဝန်ထမ်း၏ နှိမ်သလို စကားအပြောအဆိုကြောင့် Rolls-Royce များ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုအခါ ထို ၃ စင်းထဲမှ တစ်စင်းမှာ အရောင်းဈေးကွက်သို့ ရောက်နေသည်။
((အရောင်းပြခန်းမှာ ဘာတွေဖြစ်ခဲ့တာလဲ))
ရှက်ကီးသည် Los Angeles Lakers အသင်းတွင် ဒိတ်ဒိတ်ကြဲ ဘတ်စ်ကက် ကစားသမားအဖြစ် လျှမ်းလျှမ်းတောက်ခဲ့စဉ်ကဖြစ်သည်။
တနေ့တွင် ရှာကီး အိုနီးလ်သည် ချွေးခံဘောင်းဘီ၊ လက်ပြတ်အင်္ကျီတို့ဖြင့် Luxury ကား အရောင်းပြခန်း တစ်ခုသို့ ဝင်ကြည့်ခဲ့သည်။
သို့အတွက် သူ၏ ပုံပန်းမှာ အလွန်ချမ်းသာကြွယ်ဝသော ဒိတ်ဒိတ်ကြဲ ကြယ်ပွင့်ပုံ မပေါက်ဘဲ ဘတ်စ်ကက်ဘော အရူးအမူး အားပေးသည့် သာမန် အရပ်သားတစ်ဦးရုပ်သာ ရှိနေခဲ့မည်မှာ သေချာသည်။
(ဓာတ်ပုံ Credit-Bring a Trailer)
သို့မဟုတ်ပါကလည်း အရောင်းဝန်ထမ်းက ထိုသို့ ထင်ခဲ့ပုံရသည်။
အရောင်းဝန်ထမ်းသည် ရှက်ကီး အိုနီးလ် မည်သူဖြစ်ကြောင်း မသိဘဲ "ဒီကားတွေကို တကယ်ရော ဝယ်နိုင်လို့လား" ဟု မေးခဲ့သည်။
(ဓာတ်ပုံ Credit-Bring a Trailer)
ရှက်ကီးမှာ စိတ်ထဲတွင် ဖုသွားခဲ့ပြီး Rolls-Royce Phantom ကား ၃ စင်းကို ငွေသားဖြင့် ပေးချေကာ တပြိုင်တည်း ဝယ်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုနေ့က တမနက်တည်းဖြင့် ဒေါ်လာ ၁ ဒသမ ၃ သန်းခန့် သုံးစွဲခဲ့သည်။
ထိုလုပ်ရပ်မှာ မိမိဘဝတွင် ဒေါသကြောင့် အဆင်ခြင်မဲ့ လုပ်ခဲ့သော ဖြစ်ရပ်များ၌ အဆိုးရွားဆုံးဖြစ်ခဲ့ပြီး အကျိုးဆက်ကို မတွေးဘဲ မဆင်မခြင် ငွေသုံးခဲ့မိခြင်းဖြစ်ကြောင်း နောင်နှစ်များစွာ အကြာတွင် ရှက်ကီးက ဖွင့်ဟ ဝန်ခံခဲ့သည်။
ရှက်ကီး၏ လုပ်ရပ်ကြောင့် ရိုင်းပြသော ဝန်ထမ်းမှာ များစွာအကျိုးရှိသွားခဲ့သည်။
(ဓာတ်ပုံ Credit- Bring a Trailer)
ယခုပုံတွင် တွေ့ရသော ၂၀၀၄ မော်ဒယ် Rolls-Royce Phantom တွင် ထူးခြားချက်နှစ်ရပ်ရှိသည်။
ပထမအချက်မှာ BMW ၏ လက်အောက်သို့ ရောက်ရှိပြီးနောက် ပထမဆုံး ထုတ်လုပ်သည့် ပွဲဦးထွက် Rolls-Royce ဖြစ်ခြင်းပင်။
ဒုတိယအချက်မှာ ဒိတ်ဒိတ်ကြဲ ဘတ်စ်ကက်ဘော ကြယ်ပွင့် ရှက်ကီး အိုနီးလ် (Shaquille O’Neal) ပိုင်ဆိုင်ခဲ့ဖူးသော ကားဖြစ်နေခြင်း ဖြစ်သည်။
(ဓာတ်ပုံ Bring a Trailer)
(ဓာတ်ပုံ Bring a Trailer)
(ဓာတ်ပုံ Bring a Trailer)
(ဓာတ်ပုံ Bring a Trailer)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Shaquille O'Neal bought this 2004 Rolls-Royce Phantom after salesman asked unbelievably annoying question and now it's for sale (supercarblondie)