NP News

ရွေးကောက်ပွဲရလဒ်များကို လက်ခံမည်ဟု အမေရိကန်သမ္မတ ပြော

ဂျန်ဇက် (NP News) - နိုဝင်ဘာလ ၄

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လွှတ်တော်အတွင်း ၎င်း၏ ရီပတ်ဘလီကန်ပါတီ ရှုံးနိမ့်သွားနိုင်ကြောင်း ရွေးကောက်ပွဲရလဒ်အချက်အလက်များက ပြသနေသည့် ကြားဖြတ်ရွေးကောက်ပွဲရလဒ်များကို လက်ခံသွားမည်ဖြစ်ကြောင် ပြောကြားခဲ့သည်။
သမ္မတထရမ့်က "ကျွန်တော် အဲဒီရလဒ်တွေကို လုံးဝ လက်ခံသွားမှာပါ" ဟု ၎င်းက The New York Times သတင်းစာသို့ပြောကြားခဲ့သည်။ "ဒီမိုကရက်တွေနဲ့ လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်သလို သူတို့နဲ့အတူ အလုပ်လုပ်ဖို့ကိုလည်း မျှော်လင့်ပါတယ်။ တစ်ခုခုတော့ အဆင်ပြေအောင် လုပ်ဆောင်နိုင်မှာပါ" ဟု ၎င်းက ပြောကြားခဲ့သည်။

သမ္မတထရမ့်၏ မှတ်ချက်စကားများသည်ရွေးကောက်ပွဲ၏ တရားမျှတမှုအပေါ် သံသယဝင်စေရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့မှုများ နှင့် ၎င်းအနေဖြင့် ရွေးကောက်ပွဲရှုံးနိမ့်မှုကို လက်ခံရန် ငြင်းဆန်လိမ့်မည်ဟူသော စိုးရိမ်ပူပန်မှုများ မြင့်တက်လာနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
သမ္မတထရမ့်က "ဒီမိုကရက်တွေ အလုပ်ကောင်းကောင်းလုပ်နိုင်ခဲ့ကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ တကယ်လည်း လုပ်နိုင်ခဲ့ကြတာပါ။ သူတို့အကောင်းဆုံးကြိုးစားတိုက်ပွဲဝင်ခဲ့ကြတယ်" ဟု ပြောသည်။

ဒီမိုကရက်များအနေဖြင့် အမေရိကန်အောက်လွှတ်တော်နှင့် အထက်လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်ရန် ပြင်ဆင်နေကြပြီး ၎င်း၏ ဥပဒေပြုရေးဆိုင်ရာ အစီအစဉ်များကို စိန်ခေါ်လာကြမည်ဖြစ်ရာ ရီပတ်ဘလီကန်များ ရှုံးနိမ့်ရခြင်းတွင် အီရန်နိုင်ငံနှင့် ဖြစ်ပွားသော စစ်ပွဲကလည်း အခန်းကဏ္ဍတစ်ခုမှ ပါဝင်ခဲ့ကြောင်း သမ္မတထရမ့်က ဝန်ခံပြောကြားခဲ့သည်။ မဲဆန္ဒရှင်များအနေဖြင့် ၎င်း၏ ကိုင်တွယ်ဆောင်ရွက်မှုကို ထောက်ခံခဲ့ကြသော်လည်း အီရန်စစ်ပွဲသည် ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်းများအပေါ် သက်ရောက်မှု ရှိခဲ့ကြောင်း သမ္မတထရမ့်ကဆိုသည်။
၄င်းက"အဲဒါရဲ့တစ်စိတ်တစ်ပိုင်းက အီရန်ကြောင့် ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါပေမဲ့ တစ်ချိန်မှာပဲ အီရန်နဲ့ပတ်သက်ပြီး ကျွန်တော်လုပ်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ အရေးပါမှုကို လူတွေ နားလည်သဘောပေါက်ခဲ့ကြပါတယ်" ဟု ၎င်းက ဆိုခဲ့သည်။

မူရင်းသတင်း — NP News