မြန်မာနိုင်ငံသည် စွမ်းအင်အရင်းအမြစ်များ ပေါများကြွယ်ဝသည့်နိုင်ငံဖြစ်သည်။ ရေစွမ်းအင်၊ နေစွမ်းအင်၊ လေစွမ်းအင်၊ ဇီဝလောင်စာဓာတ်ငွေ့စွမ်းအင် စသည့် အရင်းအမြစ်များ စုံလင်စွာဖြစ်ထွန်းနေသော နိုင်ငံဖြစ်သည်။ အဆိုပါ သဘာဝအရင်းအမြစ်စွမ်းအင်အမျိုးမျိုးအနက် ထိရောက်စွာ အသုံးမပြုနိုင်သေးသည့် စွမ်းအင်မှာ စွန့်ပစ်အမှိုက်များမှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ရေး လုပ်ငန်းစဉ်ဖြစ်သည်။ စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုခြင်းသည် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချပေးနိုင်သည့်အပြင် သဘာဝမှရရှိသည့် စွမ်းအင်အရင်းအမြစ်များကို ကောင်းစွာထိန်းသိမ်းပြီး အကျိုးရှိစွာ အသုံးချနိုင်သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မြို့နယ်အသီးသီးမှ နေ့စဉ်ထွက်ရှိသည့် အမှိုက်များကို လှိုင်သာယာမြို့နယ် ထိန်ပင်နောက်ဆုံး စွန့်ပစ်အမှိုက်ပုံကြီးသို့ တစ်နေ့လျှင် တန်ချိန် ၁၅၀၀ ခန့်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ထားဝယ်ချောင် နောက်ဆုံးစွန့််ပစ်အမှိုက်ပုံကြီးသို့ တစ်နေ့လျှင် တန်ချိန် ၁၀၀၀ ခန့် နေ့စဉ် သယ်ယူပို့ဆောင် စွန့်ပစ်ပေးနေရသည်။ မြို့နယ်အလိုက် စွန့်ပစ်အမှိုက်များမှာ တစ်နေ့တခြား များပြားနေသလို အဆိုပါနောက်ဆုံးအမှိုက်ပုံကြီးနှစ်ပုံသို့ နေ့စဉ်စွန့်ပစ်ရသည့် ပမာဏမှာလည်း ကြီးမားလာသည်။ စွန့််ပစ်အမှိုက်များအား လျှော့ချခြင်းမပြုနိုင်ပါက အမှိုက်ပုံကြီး တစ်နေ့တခြား ကြီးထွားလာပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဆိုးဆိုးရွားရွား ထိခိုက်လာနိုင်သည့်အပြင် အခြားဘေးအန္တရာယ် အမျိုးမျိုးလည်းရှိလာနိုင်သည်။
ထို့ကြောင့် စွန့််ပစ်အမှိုက်များကို ပြန်လည်အသုံးချသည့် လုပ်ငန်းအမျိုးမျိုးကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံအသီးသီးတို့က ကြံဆဖြေရှင်းဆောင်ရွက်နေကြသည်။ ယခုအခါ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် လုပ်ငန်းစဉ်အရ စွန့်ပစ်အမှိုက်များမှ စွမ်းအင်ထုတ်လုပ်မှု (Waste to Energy) နည်းစဉ်ဖြင့် အဆိုပါအမှိုက်ပုံကြီး နှစ်နေရာတွင် စွန့်ပစ်အမှိုက်မှ မီသိန်း(Methane)ဓာတ်ငွေ့ထုတ်ယူပြီး ဂျင်နရေတာဖြင့် မောင်းနှင်၍ လျှပ်စစ်ဓာတ်အားထုတ်ယူခြင်းလုပ်ငန်း၊ စွန့်ပစ်အမှိုက်မှ မီသိန်း (Methane)ဓာတ်ငွေ့ထုတ်ယူပြီး Compressed Bio Methane ပြုလုပ်၍ ၉၀ ရာခိုင်နှုန်း သန့်စင်သောစွမ်းအင် (CNG) အစားထိုးဓာတ်ငွေ့ထုတ်ယူခြင်းလုပ်ငန်းနှင့် စွန့်ပစ်အမှိုက်မီးရှို့စက်ရုံတည်ဆောက်ပြီး Incinerated Process ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်းလုပ်ငန်းများ ပြုလုပ်မှုအတွက် စီစဉ်ဆောင်ရွက်ရန် ကမ်းလှမ်းဖိတ်ခေါ်ထားကြောင်း သိရသည်။
အဆိုပါလုပ်ငန်းစဉ်သုံးမျိုးကို ဆောင်ရွက်လိုသော ပြည်တွင်း/ပြည်ပကုမ္ပဏီများအနေဖြင့်လည်းကောင်း၊ ပြည်ပကုမ္ပဏီများအနေဖြင့်လည်းကောင်း၊ ပြည်တွင်း၊ ပြည်ပ ဖက်စပ်ကုမ္ပဏီများအနေဖြင့်လည်းကောင်း မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနတွင် အဆိုပြုလွှာတင်ဒါများ တင်သွင်းလျှောက်ထားနိုင်ကြောင်း သိရသည်။ လုပ်ငန်းများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး၊ ပိုင်ဆိုင်မှုအပေါ် ခွဲဝေမှုရာခိုင်နှုန်း၊ နှစ်စဉ်ပြုပြင်ထိန်းသိမ်းရေးစရိတ်၊ အကျိုးအမြတ်ခွဲဝေမှုရာခိုင်နှုန်း၊ လုပ်ငန်းဆောင်ရွက်မည့်ကာလ၊ ရင်းနှီးမြှုပ်နှံမှုအရင်းကြေကာလခန့်မှန်းချက်တို့ဖြင့် ပါဝင်ဆောင်ရွက်နိုင်ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းစဉ်များသည် နှစ်ဦးနှစ်ဖက်အကျိုးရှိသော လုပ်ငန်းစဉ်များဖြစ်သည့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ကာကွယ်ရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ကို အားပေးအထောက်အကူပြုသည့် လုပ်ငန်းများဖြစ်သည်။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လုပ်ငန်းအစီအစဉ်များကို ဆောင်ရွက်ရာ၌ အမှိုက်စွန့်ပစ်ကြသော ပြည်သူလူထုအခန်းကဏ္ဍသည်လည်း အရေးပါသည့်ကဏ္ဍမှ ပါဝင်လျက်ရှိသည်။ မိမိတို့၏ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ မိမိတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော လုပ်ငန်းစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အမှိုက်များကို စည်းကမ်းတကျ စနစ်တကျ စွန့်ပစ်ကြရန်လိုအပ်သည်။ ပြည်သူများအနေဖြင့် အမှိုက်များကို ရောနှောစွန့်ပစ်သည့် အလေ့အထကို မပြုလုပ်ဘဲ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်သည့် အလေ့အထကောင်းများ ပြုလုပ်ကြခြင်းဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် လုပ်ငန်းအစီအစဉ်ကို ကောင်းစွာအထောက်အကူပြုမည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်ပိုင်းက အမှိုက်အမျိုးအစားနှင့် အမှိုက်ပုံးအရောင်အမျိုးအစားတို့ကို ခွဲခြားစွန့်ပစ်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း ပြည်သူများ ပါဝင်ဆောင်ရွက်မှု အားနည်းနေသည်ကို တွေ့နိုင်သည်။
နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပြည်သူသည် အဓိကကျသည်ကို နိုင်ငံတိုင်းတွင် တွေ့မြင်နိုင်သည်။ မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ပြည်သူလူထု လျှပ်စစ်ဓာတ်အားနှင့် စွမ်းအင်ရရှိရေးအတွက် အထောက်အကူပြုသည့် ယခုလုပ်ငန်းအစီအစဉ် အောင်မြင်ရေးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ မြို့ပြနေပြည်သူများ၏ လူမှုဘဝအဆင်ပြေ ချောမွေ့ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် လုပ်ငန်းအစီအစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာကုမ္ပဏီများနှင့် အများပြည်သူတို့အနေဖြင့် အလေးထား ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။