Myanmar Digital News

လယ်ဝေးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

လယ်ဝေး နိုဝင်ဘာ ၄

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းသည် ယ‌မန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြားကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ လယ်ဝေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်းရှိ အလံတိုင်ကွင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ‌ရန်ပုံငွေဖြင့် Myanmar Land & Development Limited မှ (၅၅ x ၄၀)ပေ နှစ်ခန်းတွဲ သုံးထပ် RC ဝန်ထမ်းအိမ်ရာဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် လယ်ဝေးမြို့နယ် သက်ကယ်ချင်းကျေးရွာတွင် နေပြည်တော်ကောင်စီရန်ပုံငွေဖြင့် ရွှေရည်ဝင်းလျှံကုမ္ပဏီမှ အုပ်စုအုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်နေမှုကို ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News