Myanmar Digital News

မြောင်းမြမြို့နယ်၌ ဆီဝယ်ယူခွင့်စာအုပ်ဖြင့် စားအုန်းဆီ​ရောင်းချ​နေမှုများ ကွင်းဆင်းစိစစ်

မြောင်းမြ ​နိုဝင်ဘာ ၄

 

ဧရာဝတီတိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးအောင်စန်းချစ်သည် စားသုံးသူရေးရာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးညွှန်ကြားရေးမှူး၊ တိုင်းမြေစာရင်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ ဟိုတယ်နှင့် ခရီးသွားဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ဆောင်ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ မြောင်းမြ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အတူ AI Summit တည်းခိုခန်းအား ဟိုတယ်အဆင့် တိုးမြှင့်သတ်မှတ်ရန် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ပြီး Thanthar Trading Co.,Ltd ၏ စားအုန်းဆီ လက်ကားကိုယ်စားလှယ်များက မြောင်းမြမြို့နယ် အမှတ်(၅)၊ အမှတ်(၆)နှင့် အမှတ် (၇) ရပ်ကွက်တို့ရှိ အိမ်ထောင်စုများအား သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချသော စားအုန်းဆီကို စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့်  ဝယ်ယူရောင်းချနေမှုကို ကွင်းဆင်းစိစစ်သည်။

 

မှာကြား

ပြည်သူများ စားအုန်းဆီဝယ်ယူရာတွင် ဈေးနှုန်းမှန်၊ အရေအတွက်မှန်၊ အရည်အသွေး၊ အလေးချိန်နှင့် အခြင်အတွယ် မှန်ကန်မှုရှိစေရေးတို့ကို စိစစ်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News