မော်လမြိုင် နိုဝင်ဘာ ၄
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကော့ခမယ်ကျေးရွာ၌ အယ်လ်နီညိုအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် သောက်သုံးရေများ စနစ်တကျသုံးစွဲရေး အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပသည်။
ဦးစွာ မော်လမြိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက အယ်လ်နီညိုအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် သောက်သုံးရေများ စနစ်တကျသုံးစွဲရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် ကျရောက်လာနိုင်သည့်အခြေအနေများ၊ အကျိုးသက်ရောက်နိုင်မှုများ၊ ကြိုတင်ပြင်ဆင်ရမည့် အချက်များနှင့် ဖြစ်ပေါ်လာပါက တုံ့ပြန်ရမည့်အချက်များကို ရှင်းလင်းဆွေးနွေးပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးက အုတ်တွင်းကုန်းကျေးရွာမှ ကျေးရွာသူ ကျေးရွာသားများအား အယ်လ်နီညိုရာသီဥတုအခြေအနေကြောင့် အပူချိန်မြင့်တက်ခြင်းနှင့် ရေအရင်းအမြစ်များ လျော့နည်းလာနိုင်ခြင်းတို့ဖြစ်ပေါ်နိုင်သဖြင့် ကျေးလက်နေပြည်သူများအနေဖြင့် ရေကို အလေအလွင့်မရှိ စနစ်တကျအသုံးပြုရန်နှင့် ရေအရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်ရန် လိုအပ်ကြောင်း၊ ရေရှားပါးမှုဖြစ်ပေါ်လာနိုင်သည့်အတွက် သောက်သုံးရေကို ကြိုတင်စုဆောင်းထားရှိရန်နှင့် ရေကိုလိုအပ်သလောက်သာသုံးစွဲရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သုတ