Myanmar Digital News

ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဆိုင်ကယ်စီးဦးထုပ် အခမဲ့ပေးဝေ

နေပြည်တော် နိုဝင်ဘာ ၄

 

ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးနှင့် အမှတ်(၁)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(နေပြည်တော်)တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအနီး ပျဉ်းမနား-တောင်ညို လမ်းမကြီးပေါ်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသန့်ဇင်၏ ဦးဆောင်မှုဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်စီးပြည်သူများအား ဆိုင်ကယ်စီးဦးထုပ် အလုံး ၁၅၀၊ ဆိုင်ကယ်နောက် ရောင်ပြန်စတေကာ ၂၅၀၊ လက်ကမ်းစာစောင် ၂၅၀ တို့ကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။

 

ထို့နောက် ဆိုင်ကယ်စီးသူများအားစုစည်း၍ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းခြင်း၏ ဘေးထွက်ဆိုးကျိုးများ၊ လမ်းစည်းကမ်းအကြောင်းအရာများကို ယာဉ်ထိန်းရဲတပ်ဖွဲ့မှအရာရှိများက ဟောပြောခဲ့ကြောင်း သိရသည်။

မင်းမင်းလတ်(မန်းတက္ကသိုလ်)

မူရင်းသတင်း — Myanmar Digital News