ရန်ကုန် နိုဝင်ဘာ ၄
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသူရိန်လင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တာဝန်ရှိသူများက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဆိုင်ရာ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ မြားပစ်ပြိုင်ပွဲ၊ ဘယ်ခြေညာလက်ပြိုင်ပွဲ၊ ပူဖောင်းဖိပြိုင်ပွဲ၊ ခါးလှည့်ကွင်းပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ၊ မီးသတ်ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဆွေက အမှာစကား ပြောကြားပြီး စာရေးဆရာ ဒေါက်တာ ဗိုလ်သံမဏိက လူငယ်နှင့်တန်ဖိုးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုပြုလုပ်ရာ ကျောင်းသား ကျောင်းသူများက လူငယ်နှင့်စာပေ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့် ကျန်းမာရေး စသည့်ခေါင်းစဉ်များအလိုက် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)