Myanmar Digital News

တွံတေးမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေး

တွံတေး နိုဝင်ဘာ ၄

 

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ဘုရားကြီးကျေးရွာ အထကမှ ကျောင်းသား ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID များ ဆောင်ရွက်ခြင်း လုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တွံတေးမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့်ဝန်ထမ်းများက နိုဝင်ဘာ ၄ ရက်က အဆိုပါကျောင်းတွင် ဆောင်ရွက်ပေးသည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တွံတေးမြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက အထက(ဘုရားကြီး)မှ ကျောင်းသား ကျောင်းသူ ၂၀၀ အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးလှိုင် (တွံတေး)

မူရင်းသတင်း — Myanmar Digital News