ဒေါက်တာ သောင်းနိုင်ဦး
(ယမန်နေ့မှအဆက်)
သစ်တောများနှင့် မြေယာရှုခင်း ပြန်လည်တည်ထောင်ခြင်းအတွက် ရင်းနှီးမြှုပ်နှံမှု အကျိုးကျေးဇူးများ
SOFO 2026 အစီရင်ခံစာက သစ်တောများနှင့် မြေယာရှုခင်း ပြန်လည်တည်ထောင်ခြင်းလုပ်ငန်း များကို အကောင်အထည်မဖော်ခြင်းအတွက် ဖြစ်လာနိုင်သည့် ကုန်ကျစရိတ်များကိုလည်း ထည့်သွင်းစဉ်းစားရန် တိုက်တွန်းထားသည်။ ဥပမာ ကုလသမဂ္ဂ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်း(UNCCD)၏ ခန့်မှန်းချက်များအရ သဲကန္တာရဖြစ်ထွန်းမှု၊ မြေယာပျက်စီးမှုနှင့် မိုးခေါင်မှု တို့ကို လက်ရှိအတိုင်း ဆက်လက်ရင်ဆိုင်နေရပါက နှစ်စဉ် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဆုံးရှုံးမှုကုန်ကျစရိတ်သည် အမေရိကန် ဒေါ်လာ ၈၇၈ ဘီလီယံမှ ၆ ဒသမ ၃ ထရီလီယံအထိ ရှိနိုင်သည်ဟု ဆိုသည်။
အဆိုပါငွေကြေးပမာဏသည် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ် သော ကုန်ကျစရိတ်ထက် များစွာပိုမိုလျက်ရှိသည်။ တစ်ချိန်တည်းတွင် ကမ္ဘာ့သစ်တောများ ပြန်လည် ထူထောင်ရေး ရည်မှန်းချက်များကို ၂၀၂၄–၂၀၃၅ ခုနှစ် ကာလအတွင်း အကောင်အထည်ဖော်မည်ဆို ပါက ခန့်မှန်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၃၁၁ ဘီလီယံမှ ၂ ဒသမ ၁ ထရီလီယံခန့်သာ ကုန်ကျမည်ဖြစ်ပြီး နှစ်စဉ်ပျမ်းမျှ ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၂၈ ဘီလီယံမှ ၁၉၀ ဘီလီယံ ခန့် ဖြစ်သည်။
အခြေအနေများအပေါ် မူတည်၍ သင့်တော်သော အခြေအနေများအောက်တွင် သစ်တောများ နှင့် မြေယာရှုခင်းပြန်လည်တည်ထောင်ခြင်းသည် ရင်းနှီးမြှုပ်နှံသည့် ၁ ဒေါ်လာတိုင်းအတွက် ဒေါ်လာ ၃၀ အထိ ပြန်လည်ရရှိစေနိုင်ပါသည်။ ပြုန်းတီးနေသော မြေဧရိယာ ဟက်တာ ၁ ဘီလီယံကျော် ကို ပြန်လည်ထူထောင်ခြင်းဖြင့် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ ထရီလီယံ အကျိုးအမြတ် ထုတ်ဖော်ပေးနိုင်သည်ဟု ဆိုပါသည်။
သစ်တောများနှင့် မြေယာရှုခင်း ပြန်လည်တည်ထောင်ခြင်းဖြင့် သစ်တောထွက်ပစ္စည်းများသာမက ရေထိန်းသိမ်းမှု၊ ရေကြီးမှုနှင့် မြေဆီလွှာတိုက်စားမှု လျှော့ချမှု၊ ကာဗွန်သိုလှောင်မှု၊ ဇီဝမျိုးစုံ မျိုးကွဲ ထိန်းသိမ်းမှု၊ စိုက်ပျိုးရေးထုတ်လုပ်မှု တိုးတက်မှု၊ စားရေရိက္ခာဖူလုံမှု၊ ကျေးလက်အသက် မွေးဝမ်းကျောင်းနှင့် ရာသီဥတုပြောင်းလဲမှုကို ခံနိုင်ရည်ရှိမှုစသည့် ဂေဟစနစ်ဆိုင်ရာ အကျိုးကျေးဇူး များစွာရရှိနိုင်သည်။ ထို့ကြောင့် သစ်တောများနှင့် မြေယာရှုခင်း ပြန်လည်တည်ထောင်ခြင်းလုပ်ငန်းများအတွက် လိုအပ်သည့် ရန်ပုံငွေကြေးများကို ကုန်ကျစရိတ်တစ်ခုအဖြစ် မမြင်ဘဲ အနာဂတ်ဆုံးရှုံးမှုများကို လျှော့ချရန် ရင်းနှီးမြှုပ်နှံမှုအဖြစ် ရှုမြင်ပြီး အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံကြရမည်ဖြစ်သည်။
သစ်တောများနှင့် မြေယာရှုခင်း ပြန်လည်တည်ထောင်ရေးအတွက် အဓိကကျသည့် နည်းလမ်းများ
SOFO 2026 အစီရင်ခံစာအရ အရည်အသွေးမြင့်မားသော သစ်တောနှင့် မြေယာရှုခင်းဧရိယာ ပြန်လည်ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို အပြန်အလှန် အထောက်အကူပြုစေမည့် အောက်ဖော်ပြပါ လမ်းကြောင်း လေးသွယ်မှတစ်ဆင့် တိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်းထားပါသည် -
၁။ ပြည်သူလူထုအခြေပြုလမ်းကြောင်း။ ပြည်သူလူထုကို ဗဟိုပြုပြီး တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများမှတစ်ဆင့် အားလုံးပါဝင်နိုင်သော သစ်တောနှင့် ရှုခင်းဧရိယာ ပြန်လည် ပြုစုပျိုးထောင်ရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ခြင်း၊ ပြည်သူလူထု ပူးပေါင်းပါဝင်မှု၊ အသိပညာ မျှဝေမှုနှင့် အကျိုးအမြတ် မျှဝေမှုတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း၊
၂။ မြေယာအခြေပြုလမ်းကြောင်း။ ဒေသအခြေအနေနှင့် ကိုက်ညီသော နည်းလမ်းများဖြင့် ဘက်စုံအကျိုးပြုမြေယာရှုခင်း ဧရိယာများကို ဖော်ဆောင်ခြင်းနှင့် စီမံခန့်ခွဲခြင်း၊ ဧရိယာတစ်ခု ချင်းစီကို သီးခြားစီမံခန့်ခွဲခြင်းထက် မြေယာရှုခင်းတစ်ခုလုံးကို ပေါင်းစပ်စီမံခြင်း၊
၃။ ဘဏ္ဍာရေးနှင့် စီးပွားရေးလမ်းကြောင်း။ ပြန်လည်ပြုစုပျိုးထောင်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့်ပမာဏနှင့် သဘောသဘာဝတို့နှင့် လိုက်လျောညီထွေ ရှိမည့် ဘဏ္ဍာရေးဆိုင်ရာများ စီစဉ်ဆောင်ရွက်ခြင်း၊ အစိုးရဘဏ္ဍာငွေ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၊ ပတ်ဝန်း ကျင်ဆိုင်ရာ ဝန်ဆောင်မှုအခကြေးငွေ၊ ကာဗွန် ရန်ပုံငွေနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ရန်ပုံငွေ စသည့်နည်းလမ်းများကို သင့်လျော်သလို ပေါင်းစပ်ဆောင်ရွက်ခြင်း၊
၄။ မူဝါဒနှင့် ဥပဒေဆိုင်ရာလမ်းကြောင်း။ သစ်တော ပြန်လည်ပြုစုပျိုးထောင်ရေး၊ စိုက်ပျိုးရေး၊ ရေ၊ မြေယာ၊ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတု၊ ကျေးလက်ဖွံ့ဖြိုးရေး၊ ဘဏ္ဍာရေးနှင့် သဘာဝ ဘေးအန္တရာယ် လျှော့ချရေးဆိုင်ရာ မူဝါဒများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း။
မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု အခြေအနေ
မြန်မာနိုင်ငံအတွက် FRA 2025 အစီရင်ခံစာ ပြုစုရာတွင် နိုင်ငံတော်၏ရန်ပုံငွေ အထောက်အပံ့ ဖြင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျွမ်းကျင်ပညာရှင်များ၏ ကြိုးစားမှုများ၊ ဇွဲ၊ လုံ့လ၊ ဝီရိယ များဖြင့်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုမှာ FRA 2010 အစီရင်ခံ စာအရ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း ၊ FRA 2015 အရ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းနှင့် FRA 2020 အရ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်း အသီးသီးရှိခဲ့ပါသည်။
ယခု ၂၀၂၅ ခုနှစ် သစ်တောသယံဇာတဆန်းစစ် လေ့လာခြင်းရလဒ်များအရ မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှုဧရိယာသည် နိုင်ငံ့စုစုပေါင်းဧရိယာ၏ ၄၂ ဒသမ ၁၅ ရာခိုင်နှုန်းရှိကြောင်း လေ့လာဆန်းစစ် သိရှိရပါသည်။ သစ်တောပြုန်းတီးမှုနှုန်းအနေဖြင့် ၂၀၁၀ မှ ၂၀၂၀ ပြည့်နှစ်ကာလအတွင်း နှစ်စဉ် သစ်တောပြုန်းတီးမှုနှုန်းမှာ ၀ ဒသမ ၉၆ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်မှ ၂၀၂၅ ခုနှစ် အတွင်းတွင် နှစ်စဉ် သစ်တောပြုန်းတီးမှုနှုန်းမှာ ၀ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါသည်။
အဆိုပါ ဆန်းစစ်လေ့လာချက်များအရ မြန်မာနိုင်ငံအနေဖြင့် သစ်တောပြုန်းတီးမှုများ ရှိနေသေး သော်လည်း နှစ်စဉ်သစ်တောပြုန်းတီးမှုနှုန်းမှာ ယခင်ကာလများထက် သိသိသာသာ လျော့နည်း လာကြောင်း တွေ့ရှိရပါသည်။ သစ်တောပြုန်းတီးမှုသည် ဆက်လက်ရှိနေဆဲဖြစ်သဖြင့် သစ်တော ပြုန်းတီးမှုကိုရပ်တန့်ပြီး သစ်တောများပြန်လည် တိုးပွားစေရေးကို အမျိုးသားရေးတာဝန် တစ်ရပ် အနေဖြင့် စနစ်တကျ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။
သစ်တောဖုံးလွှမ်းမှုတိုးစေဖို့၊ အရှိန်အဟုန်မြှင့်တင် ထိန်းသိမ်းစို့
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် သစ်တောပြုန်းတီးမှု လျှော့ချရေးနှင့် သစ်တောများ ထာဝစဉ်တည်တံ့စေ ရေးအတွက် မြန်မာနိုင်ငံသစ်တောများ ပြန်လည် တည်ထောင်ရေးစီမံကိန်း (၂၀၁၆-၂၀၁၇ မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်ထိ) အပါအဝင် ဂေဟစနစ်အမျိုးမျိုး တွင် နှစ်တို၊ နှစ်ရှည်စီမံကိန်းများ ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာ နိုင်ငံ၏ လက်ရှိသစ်တောဖုံးလွှမ်းမှုဧရိယာသည် ဧရိယာဧက ၇၀ ဒသမ ၄၇ သန်း (၄၂ ဒသမ ၁၅ ရာခိုင်နှုန်း)ဖြစ်သဖြင့် သစ်တောဖုံးလွှမ်းမှုကို ၅၀ ရာခိုင်နှုန်းအထိ ရောက်ရှိစေရေး ရည်မှန်းဆောင် ရွက်လျက်ရှိရာ ဧရိယာ ဧက ၁၃ ဒသမ ၁၀ သန်း (၇ ဒသမ ၈၅ ရာခိုင်နှုန်း)ကို သစ်တောဖုံးလွှမ်းသော ဧရိယာအဖြစ် ရောက်ရှိစေရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။
ရည်မှန်းချက်များအောင်မြင်စေရေးအတွက် အောက်ဖော်ပြပါ အဓိက နည်းလမ်း ၁၀ ခုကို ဦးစားပေးလုပ်ငန်းများအဖြစ် သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများ၊ ဒေသခံပြည်သူများက ဝိုင်းဝန်း ပူးပေါင်းပါဝင်ခြင်းဖြင့် သစ်တောဖုံးလွှမ်းမှု တိုးလာပြီး မြန်မာ့သစ်တောသယံဇာတများ ရေရှည်တည်တံ့ နေမည်ဖြစ်ပါသည်-
(၁) သစ်တောပြုန်းတီးမှုကို ရပ်တန့်ပြီး အသားတင်ဆုံးရှုံးမှု မရှိစေရေး ရည်မှန်းချက်များ ချမှတ် ဆောင်ရွက်ခြင်း၊
(၂) အမြဲတမ်းသစ်တောနယ်မြေအတွင်းရှိ တောနိမ့်ဧရိယာ ဧက ၁၄ ဒသမ ၅၂ သန်းကို သစ်တော ဖုံးလွှမ်းမှု ၁၀ ရာခိုင်နှုန်းနှင့်အထက်ရှိ ရွက်အုပ်ပွင့်တောများအဆင့်သို့ တိုးမြှင့်ရောက်ရှိလာစေ ရေး သဘာဝတောကျန်များ ထိန်းသိမ်းခြင်းနှင့် သစ်တောများ ပြန်လည်တည်ထောင်ခြင်း၊
(၃) အမြဲတမ်းသစ်တောနယ်မြေ (PEF) အတွင်းရှိ ရွက်အုပ်ပွင့်တော ဧရိယာ ဧက ၁၇ ဒသမ ၉၈ သန်းအား လက်ရှိအခြေအနေမှ တောနိမ့်အဖြစ် လျော့ကျပြောင်းလဲမသွားစေရန် ထိရောက်စွာ ကာကွယ်ထိန်းသိမ်းခြင်း၊
(၄) အမြဲတမ်းသစ်တောနယ်မြေ (PEF) အတွင်းရှိ ရွက်အုပ်ပိတ်တော ဧရိယာ ဧက ၁၃ ဒသမ ၅၈ သန်း၏ ရွက်အုပ်ဖုံးလွှမ်းမှုကို တည်မြဲနေ စေရန် အထူးအလေးထား ကာကွယ်ထိန်းသိမ်းခြင်း၊
(၅) သစ်တောနယ်မြေ ပြင်ပရှိ ရွက်အုပ်ပိတ်တော ဧရိယာ ဧက ၁၄ ဒသမ ၇၄ သန်း၊ ရွက်အုပ် ပွင့်တော ဧရိယာ ဧက ၂၂ ဒသမ ၉၁ သန်း၊ စုစုပေါင်း သစ်တောဧရိယာ ဧက ၃၇ ဒသမ ၆၅ သန်းအား ဥပဒေနှင့်အညီ စနစ်တကျကာကွယ် ထိန်းသိမ်းနိုင်ရန်အတွက် ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ဖွဲ့စည်းနိုင်ရေး ဘဏ္ဍာနှစ်အလိုက် လျာထားပြီး အချိန်ဇယား ရေးဆွဲဆောင်ရွက်ခြင်း၊
(၆) သစ်တောနယ်မြေပြင်ပရှိ တောနိမ့်ဧရိယာ ၃၃ ဒသမ ၆၃ သန်းအနက် ဧက ၁၀ သန်းတွင် သစ်တောမြေယာရှုခင်း ပြန်လည်တည်ထောင် ခြင်း (FLR) နည်းလမ်းအပါအဝင် နည်းလမ်း မျိုးစုံဖြင့် စိမ်းလန်းမြေများ ဖြစ်ပေါ်လာစေရေးအတွက် နှစ်စဉ်လုပ်ငန်းစီမံချက်များ ရေးဆွဲ အကောင်အထည်ဖော်ခြင်း၊
(၇) ခရိုင်သစ်တောစီမံအုပ်ချုပ်မှုစီမံကိန်းပါ အလုပ်တိုက်နယ်များနှင့် သစ်တောမြေများတွင် သစ်တောစိုက်ခင်းအမျိုးမျိုး တည်ထောင်ခြင်းသာမက သစ်တောမြေပြင်ပတွင်လည်း သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းများကို အားပေးကူညီခြင်း၊
(၈) ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း များ၊ သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်း လုပ်ငန်းများနှင့် ပုဂ္ဂလိက သစ်တောစိုက်ခင်း ရင်းနှီးမြှုပ်နှံများ ပိုမိုတိုးပွားလာစေရန် ဆောင် ရွက်ခြင်း၊
(၉) သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သစ်တောအခြေပြု ဇီဝ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရန် ဆောင်ရွက်ခြင်း၊
(၁၀) အမျိုးသားအဆင့် သစ်တောစောင့်ကြည့် လေ့လာခြင်းစနစ်ကို ပိုမိုခိုင်မာစေရန်နှင့် ခေတ်မီစေရန် အဆင့်မြှင့်တင်ခြင်း။
ကိုးကား
Food and Agriculture Organization of the United Nations (FAO), 2025. Global Forest Resources Assessment 2025: Key Findings. FAO.
Food and Agriculture Organization of the United Nations (FAO). 2026. The State of the World’s Forests 2026 – Restoring forests and landscapes: The way forward for a sustainable future. Rome.