နေပြည်တော် နိုဝင်ဘာ ၄
လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး သည် ယနေ့နံနက်ပိုင်းတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် H. E. Mr. Saleumxay Kommasith အား ဗီယန်ကျန်းမြို့ရှိ ဝန်ကြီးချုပ်ရုံးသို့ သွားရောက် ဂါရဝပြုတွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) တို့တက်ရောက်ကြပြီး လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံဝန်ကြီးချုပ်နှင့်အတူ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လာအိုပြည်သူ့တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်အဖြစ် အောက်တိုဘာလ ၅ ရက်မှစ၍ တာဝန်တိုးမြှင့်ထမ်းဆောင်ခဲ့သည့်အတွက်များစွာ ဂုဏ်ယူ ဝမ်းမြောက်ရမှု၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အနေဖြင့် လာအိုနိုင်ငံသို့ ဇူလိုင်လအတွင်း တရားဝင်ခရီးစဉ် လာရောက်ခဲ့ပြီး လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ၊ ဝန်ကြီးချုပ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တို့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား အကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့မှုနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုအကျိုးရှိစေရန်အတွက် နားလည်မှု စာချွန်လွှာများကိုလည်း ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးနိုင်ခဲ့မှု အခြေအနေများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ဒေသတွင်း ကုန်သွယ်မှုများအထိ တိုးမြှင့်ဆောင်ရွက်နိုင်ရေးဆိုင်ရာများ၊ နှစ်နိုင်ငံအစိုးရနှင့် တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ် များ၊ နှစ်နိုင်ငံသံတမန်ဆက်ဆံမှုသက်တမ်း ၇၁ နှစ်တာကာလအတွင်း အပြန်အလှန် နားလည်မှု၊ ချစ်ခင်ရင်းနှီးမှုတို့ဖြင့် ကောင်းမွန်သော ဆက်ဆံရေးဖြင့် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းအဖြစ် ရိုးသားပွင့်လင်းစွာ ဆက်ဆံခဲ့မှု အခြေအနေများ၊ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့မှုများအပေါ် လာအိုနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှုဖြင့် ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ စေလွှတ်ပေးအပ်သည့်အတွက် များစွာကျေးဇူးတင်ရှိမှု၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်း လိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားတိုက်ဖျက်မှု ကြီးကြပ်ရေး ဗဟိုကော်မတီကိုလည်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်တွင် အမျိုးသားအဆင့်၊ နိုင်ငံတော် အဆင့်ဖွဲ့စည်းခဲ့ပြီး အင်တိုက်အားတိုက် တိုက်ဖျက်လျက်ရှိမှု၊ နယ်စပ်ဒေသ တိုင်းရင်း သားများ၏ တည်ငြိမ် အေးချမ်းမှု၊ ဘဝလုံခြုံမှု၊ စီးပွားဖွံ့ဖြိုးတိုးတက်မှုများအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်နိုင်မှု အခြေအနေများနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး မဆုံးရှုံးစေရေး ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရေးကောင်းမွန်အောင် နေထိုင်လျက်ရှိပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်နှင့်အညီ ရပ်တည်ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှုများဖြစ်သော ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရသည့် နိုင်ငံတော်အစိုးရသည် ပြည်သူ့ဆန္ဒကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် နိုင်ငံတော် တည်ငြိမ် အေးချမ်းမှုတိုးတက်ရရှိလာပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေမှုများအပေါ် လာအိုနိုင်ငံအနေဖြင့် ထောက်ခံအားပေးမှု အခြေအနေများ၊ တပ်မတော်အနေဖြင့်လည်း အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ကာကွယ်စောင့်ရှောက်နေသည့် အခြေအနေများနှင့်ပတ်သက်၍ အပြန်အလှန် အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ်ထံ အထိမ်းအမှတ်တံဆိပ်ပေးအပ်သည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဗီယန်ကျန်းမြို့ရှိ စစ်သမိုင်းပြတိုက်သို့ သွားရောက် လေ့လာကြရာ ပြတိုက်မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် လာအိုစစ်ပွဲအတွင်း အသုံးပြုခဲ့သောလက်နက်၊ ခဲယမ်းများနှင့် စစ်ဝတ်အသုံးအဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေးကိရိယာပစ္စည်းများ၊ လာအိုနိုင်ငံ၏ သမိုင်းဝင်တိုက်ပွဲများတွင် ဦးဆောင်ခဲ့ကြသည့် ခေါင်းဆောင်များ၊ ရဲဝံ့စွန့်စားစွာ တိုက်ခိုက်ခဲ့ကြသည့် သူရဲကောင်းစစ်သည်များ၏ မှတ်တမ်းများ စသည့် သမိုင်းဝင် အမွေအနှစ်များကို စိတ်ဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုကြပြီး သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး လက်ဆောင်ပစ္စည်းပေးအပ်ကာ စုပေါင်းဓာတ်ပုံရိုက်ကြသည်။
အဆိုပါ စစ်သမိုင်းပြတိုက်ကို ၁၉၇၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လာအိုနိုင်ငံ၏ လွတ်လပ်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲစဉ်များတွင် ကျဆုံးခဲ့ရသည့် စစ်သည်သူရဲကောင်းများ၏ သမိုင်းကြောင်းများနှင့် စစ်ဘက်ဆိုင်ရာ သမိုင်းဝင် ပစ္စည်းများကို စနစ်တကျ ခင်းကျင်းပြသထားရှိသည့် သမိုင်းဝင်နေရာတစ်ခု ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်